
Red Onion ဆိုသည့် App သည် iOS Device များပေါ်မှ အင်တာနက်သုံးစွဲသည့်အခါ မိမိတို့၏ အချက်အလက်များကို လုံခြုံစေရန်အတွက် အသုံးပြုနိုင်မည့် Web browser အမျိုးအစား ဖြစ်သည်။ အဆိုပါ Web Browser သည် မိမိ၏ IP များကို အခြားသူများ မမြင်နိုင်စေရန်အတွက် ကာကွယ်ပေးထားမည်ဖြစ်ပြီး Cookie များကိုလည်း Browser မှ ထွက်သည့်အခါတွင် တစ်ခါတည်း ရှင်းလင်းပေးသွားမည် ဖြစ်သည်။
အဆိုပါ app ကို ယခင်က iTunes တွင် ကန်ဒေါ်လာ ၀.၉၉ ပေးသွင်းမှသာ အသုံးပြုနိုင်မည်ဖြစ်ပြီး ယခုအခါ အချိန်အကန့်အသတ်ဖြင့် အခမဲ့ download ပြုလုပ်ခွင့် ပေးထားသည်။ iOS version 7.0 နှင့်အထက်တွင် ထည့်သွင်း အသုံးပြုနိုင်မည် ဖြစ်သည်။ အခမဲ့ download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။
credit internetjournal
0 comments:
Post a Comment