၂၀၁၆ ၌ ထပ်မံထွက်ရှိလာမည့် ထိပ်တန်းဖုန်းများ

 
၂၀၁၆ ခုနှစ်အတွင်း ဖုန်းများစွာ ထွက်ရှိလာမည် ဖြစ်သော်လည်း ၎င်းတို့အထဲတွင် အပါအဝင် ဖြစ်သည့် ထွက်ရှိလာမည့် ထိပ် တန်း အကောင်းဆုံး ဖုန်းများကို စုစည်း ဖော်ပြပေးလိုက်ခြင်း ဖြစ်သည်။ ထိုထဲတွင် Android ဖုန်းများ၊ iPhone များနှင့် Windows ဖုန်းများ အားလုံးပါဝင်လာကြပြီး Samsung, Sony,HTC, LG နှင့် အခြားသောနာမည်ကြီး အမှတ်တံဆိပ်များ အားလုံးကို တွေ့မြင်ရ မည် ဖြစ်သည်။
လက်ရှိတွင် နာမည်ထွက်နေသော ဖုန်းများမှာ Apple iPhone 7,  Apple iPhone 7 Plus,  Google Nexus 6, HTC One M10, LG G5, LG G Flex 3, LG V10, Microsoft Surface Phone တို့ဖြစ်သည်။
Apple iPhone 7
iPhone 7 ကို Apple မှ ၂၀၁၆ ခုနှစ်အတွင်း ရောင်းချမည်ဟု သတင်းထွက်နေသည်။ ဒီဇိုင်းအပြောင်းအလဲကို များစွာတွေ့ မြင်ရဖွယ် ရှိနေပြီး D-jack headphone jack အသစ် ရေစိမ်ခံမည်ဟု သိရသည်။ eSIM, Touch ID display, RAM 2GB နှင့် စွမ်းဆာင်ရည်မြင့်ပြီး မြန်ဆန်သော ပရိုဆက်ဆာ ပါဝင်လာဖွယ်ရှိသည်။

Apple iPhone 7 Plus
Apple ၏ iPhone 7 Plus ကိုလည်း ၂၀၁၆ အတွင်း မြင်တွေ့ ရဖွယ်ရှိသည်။ ၎င်း၏ Feature များတွင် လက်ရှိထက်အပြောင်း အလဲများ ပိုမိုပါရှိလာမည်ဖြစ်ပြီး A10 chip နှင့် M10 motion co-processor တို့အပြင် RAM 2GB လည်း ပါဝင်လာမည် ဖြစ်သည်။ Screen ၏ အရွယ်အစားမှာ ၅.၇ လက်မ ရှိမည်ဖြစ်ပြီး ရေစိမ်ခံဖုန်း တစ်လုံး ဖြစ်လာလိမ့်မည်ဟု သိရ သည်။
 Google Nexus 6 2016

Nexus 6 ၌ Snapdragon 820 chip ပါရှိမည်ဖြစ်ပြီး လျှပ်စစ်စွမ်းအင် သိုလှောင်နိုင်စွမ်း မြင့်မားကာ လျှပ်စစ်သုံးစွဲမှုလည်း နည်းပါးမည်ဖြစ်သည်။ Android OS အသစ်ဖြစ်သည့် Android N ကိုသုံးစွဲမည်ဖြစ်ပြီး အရွယ်အစား ကြီးမားသည့် phablet တစ်လုံးဟု သိရသည်။ အချက်အလက် လွှဲပြောင်းမှုအတွက် USB-C ကို ထည့်သွင်းပေးထားသည်။
HTC One M10

 ၂၀၁၅ အောက်တိုဘာလတွင် ထွက်လာသည့် HTC ဖုန်းမှာ HTC One A9 ဖြစ်ပြီး  ၂၀၁၆ မတ်လတွင် HTC One M10 ထွက်လာမည် ဖြစ်သည်။ ဒီဇိုင်းပိုင်းတွင် ဆန်းသစ်လာပြီး HD အပြည့်ရရှိမည် ဖြစ်သည်။ ဖုန်း၏ အထွေထွေ စွမ်းဆောင်ရည်ကိုလည်း တိုးမြင့် ထားသည်ဟုသိရသည်။
LG G5

LG G5 ကို ၂၀၁၆ ခုနှစ်၏ နွေဦးပေါက်ရာသီ၌ တွေ့မြင်ရ ဖွယ် ရှိသည်။ LG G5 ၌ 4000mAh  ရှိသော ကြီးမားသည့် ဘက်ထရီ ပါရှိသည်။ ဘက်ထရီမှာ ဖြုတ်နိုင် တပ်နိုင်ဖြစ်ပြီး ကြိုးမဲ့လည်း အားသွင်းနိုင်မည်ဖြစ်သည်။
LG G Flex 3

LG G Flex 2 သည် စိတ်ဝင်စားဖွယ်ရာ ကောင်းသည့် စမတ်ဖုန်းဖြစ်ပြီး အကွေးပုံစံအဖြစ် တွေ့မြင်ရမည်ဖြစ်သည်။ သတ္တုကိုယ်ထည်နှင့်ဖြစ်ပြီး Qualcomm Snap-dragon 820 CPU, RAM 4GB နှင့် 32GB သိုလှောင်မှု ပါရှိမည် ဖြစ်သည်။ microSD ကတ်စိုက်၍လည်း သုံးစွဲနိုင်မည်ဖြစ်သည်။ ဘက်ထရီမှာ 3500mAh ဖြစ်ပြီး fingerprint scanner နှင့် 20.7/8Mp ကင်မရာတို့ ပါဝင်လာမည်ဖြစ်သည်။
LG V10

LG ၏ LG G4 Pro ဖြစ်မည့် LG V10 ကို ၂၀၁၆ တွင် တွေ့မြင်ရ မည်ဖြစ်သည်။ ၎င်းမှာ dual-screen Quad-HD smartphone ဖြစ်ပြီး front-facing selfie ကင်မရာ နှစ်လုံးပါဝင်မည်ဖြစ်ကာ ဗီဒီယိုကို manual ရိုက်ကူးနိုင်မည် ဖြစ် ပါသည်။ MicroSD ကတ်ကို 2TB အထိအထောက်အပံ့ပေးထားပြီး built-in storage မှာ 64GB ရှိမည်ဖြစ်သည်။  ဘက်ထရီမှာ 3,000mAh ဖြစ်ပြီး hexacore Snapdragon 808 chip, RAM 4GB နှင့် 32-bit Hi-Fi DAC တို့ပါရှိသည်။
Microsoft Surface Phone

Surface Phone ကို ၂၀၁၆ တွင် ဈေးကွက်အတွင်းတွေ့မြင်ရဖွယ်ရှိနေပြီး ၅.၅ လက်မအရွယ် Quad-HD AMOLED display, RAM 4GB, 64- နှင့် 128GB storage တို့ပါရှိသည်။ MicroSD ကို အထောက်အပံ့ပေးထားပြီး 64-bit Intel ပရိုဆက်ဆာ၊ 21Mp ကျောဘက် ကင်မရာနှင့် 8Mp ရှိသည့် အရှေ့ဘက်ကင်မရာတို့ ပါရှိပြီး USB-C port ကိုလည်း ထည့်သွင်း တည်ဆောက်ပေးထားသည်။

Ref: pcadvisor
credit internetjournal
SHARE

About Thiha Htike

    Blogger Comment
    Facebook Comment

0 comments:

Post a Comment