
Oppo မှ ၂၀၁၆ ခုနှစ်အတွက် ၎င်းတို့၏ ပထမဆုံးခြေလှမ်းသစ်အဖြစ် အကောင်းဆုံး Selfie ဖုန်းဟုခေါ်ဆိုနိုင်သည့် F1 စမတ်ဖုန်းကို မိတ်ဆက်လိုက်ကြောင်းသိရသည်။ အဆိုပါစမတ်ဖုန်းကို ဖေဖော်ဝါရီ ဒုတိယပတ်လောက်တွင် မြန်မာကျပ်ငွေ ၂၉၉,၀၀၀ ကျပ်ဝန်းကျင်ဖြင့် ပြည်တွင်း၌ စတင် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း Oppo Myanmar ရုံးချူပ်မှ သိရသည်။
အကောင်းဆုံး Selfie ဖုန်းဟုတင်စားထားသည့် အဆိုပါ F1 စမတ်ဖုန်းတွင် သပ်ရပ်လှပသော selfie ဓာတ်ပုံများကို ဖမ်းယူနိုင်စေရန်အတွက် Wide f/2.0 aperture မှန်ဘီလူးနှင့် 1/4-inch sensor ပါဝင်သော 8 MP အရည်အသွေးမြင့် အရှေ့ဘက်ကင်မရာကို တပ်ဆင်ပေးထားသည့်အတွက် သာမန် 5 Mp အရှေ့ဘက်ကင်မရာများထက် ၃၀ ရာခိုင်နှုန်း ပိုမိုကြည်လင်ပြတ်သားသော ပုံရိပ်များကို ရရှိနိုင်မည်ဖြစ်သည်။ Oppo အမှတ်တံဆိပ် F1 သည် 4G နှင့် 3G ကွန်ရက်အမျိုးအစားဖြစ်ပြီး မြန်မာနိုင်ငံအပါအဝင် Oppo စမတ်ဖုန်း ဈေးကွက်ရရှိထားသည့် နိုင်ငံပေါင်း ၂၀ ခန့်တွင် မိတ်ဆက်သွားမည် ဖြစ်ကြောင်းသိရသည်။ F1 တွင် Qualcomm Snapdragon 616 series Octa-core ပရိုဆက်ဆာနှင့် 3GB RAM ကို ထောက်ပံ့ပေးထားသည်။ သိုလှောင်မှုပမာဏမှာ 16GB ဖြစ်ပြီး Micro SD Card စိုက်၍ 128 GB အထိတိုးမြင့် အသုံးပြုနိုင်မည်ဖြစ်သည်။
F1 တွင် pixelnoise လျှော့ချပေးမည့် ISOCELL sensor တစ်ခုနှင့်အတူ 13 MP ကျောဘက်ကင်မရာကို အသုံးပြုထားသည်။ အဆိုပါ ကင်မရာသည် ၀.၁ စက္ကန့်အတွင်း focus ဖမ်းပေးမည့် phase detection autofocus (PDAF) ကို ထောက်ပံ့ပေးထားသည့်အတွက် SLR ကင်မရာတစ်လုံး၏ အရည်အသွေးအတိုင်း အသုံးပြုနိုင်မည်ဖြစ်သည်။ အဆိုပါကင်မရာတွင် Oppo ၏ Pure Image 2.0+ camera platform ကို အသုံးပြုထားသည့်အတွက် ဓာတ်ပုံဆရာများ၊ meme ပြုလုပ်လိုသူများ အပြင် မည်သူမဆို အသုံးပြုနိုင်မည့် filter များနှင့် plug-in များကို အသုံးပြုနိုင်မည်။ သုံးစွဲသူများအတွက် 50MP ဓာတ်ပုံများ ဖန်တီးပေးနိုင်မည့် Ultra-HD အပြင် Super Macro, HDR, Double Exposure, Slow Shutter နှင့် Super GIF စသည့် feature များဖြင့်လည်း ရိုက်ကူးနိုင်မည်ဖြစ်သည်။ F1 တွင် ၅ လက်မ အကျယ် မျက်နှာပြင်ကိုအသုံးပြုထားပြီး အထူက ၇.၂၅ မီလီမီတာသာရှိသည့်အတွက် အလေးချိန် ၁၃၄ ဂရမ်ခန့်သာ ရှိမည်ဖြစ်သည်။ 2.5D Corning Gorilla Glass 4 က သာမန်ဖန်သားပြင်ထက် နှစ်ဆ ပိုမိုတောင့်တင်းသောကြောင့် Oppo F1 က အစင်းရာခြစ်ရာဒဏ်ကို ပိုမိုခံနိုင်ရည်ရှိပြီး အကြမ်းဒဏ်ကိုလည်း ခံနိုင်မည်ဖြစ်သည်။
ဖုန်းကို F1 ကိုGold နှင့် Rose Gold ဟူ၍ အရောင်နှစ်မျိုးဖြင့် ရရှိနိုင်သည်။ ဆင်းကတ်နှစ်ကတ် အသုံးပြုနိုင်မည့် အဆိုပါ Oppo အမှတ်တံဆိပ် F1 စမတ်ဖုန်းကို ဝယ်ယူမည်ဆိုပါက ဗူးအတွင်းတွင် Selfie Stick တစ်ခု၊ ရေဘဝဲပုံ Phone Stand တစ်ခု၊ OTG Stick တစ်ခု၊ ဖုန်ကာကွယ်ပေးမည့် ပလပ်၊ ကတ်ကာဗာလေးများ၊ တစ်ခုဖြင့် သုံးမျိုးဆွဲ ဒေတာကြိုး၊ ဖုန်းကိုယ်ထည်မတ်ပေးသည့် ဆီလီကွန်ဒေါက်နှင့် ကြိုးကျစ်လစ်စွာ ထားနိုင်သည့် ပစ္စည်းရရှိမည်ဖြစ်သည်။
credit internetjournal
0 comments:
Post a Comment