ကမ္ဘာ့ပထမဦးဆုံး Ubuntu tablet ကို Canonical ပွဲထုတ်မိတ်ဆက်


ကမ္ဘာတစ်ဝန်း desktop သုံးစွဲသူ သန်း ၃၀ ကျော်က အသုံးပြုလျက်ရှိသော Linux အခြေခံ operating system ဖြစ်သည့် Ubuntu က ထုတ်ကုန်သစ်တစ်မျိုးကို မိတ်ဆက်ကြေညာခဲ့သည်။

Aquarius M10 Ubuntu Edition tablet သည် ၁၀.၁ လက်မအရွယ် ထုတ်ကုန်တစ်ခုဖြစ်ပြီး နောက်ဆုံးပေါ် operating system ဖြင့် တင်ပို့ရောင်းချမည်ဖြစ်သောကြောင့် သုံးစွဲသူများအား လိုက်လျောညီထွေရှိစေမည့် အတွေ့အကြုံပေးစွမ်းနိုင်ပြီး full desktop mode အဖြစ် ပြောင်းလဲအသုံးပြုနိုင်စေမည် ဖြစ်သည်။
အလေးချိန် ၄၇၀ ဂရမ်ရှိသော အဆိုပါ tablet တွင် 1.5GHz MediaTek Quad Core MT8163A processor နှင့် 2GB RAM ပါဝင်ပြီး ဘက်ထရီက 7280mAh ဖြစ်သည်။

“သင့်ရဲ့ Ubuntu ကွန်ပျူတာဆီက မျှော်လင့်ထားတဲ့အရာတွေအားလုံး ရရှိနိုင်စေဖို့ ကျွန်တော်တို့ ဆောင်ရွက်ထားပါတယ်။ လက်ရှိမှာ BQ ကုမ္ပဏီနဲ့ဖန်တီးထားတဲ့ tablet မှာပဲ သုံးနိုင်ပေမယ့် မကြာခင်မှာ စမတ်ဖုန်းတွေပေါ်မှာလည်း သုံးနိုင်ပါလိမ့်မယ်" ဟု Canonical အမှုဆောင်အရာရှိချုပ် ဂျိန်းဆီလ်ဘာက ပြောကြားခဲ့သည်။

Aquarius M10 ကို desktop mode ဖြင့် ပြောင်းလဲအသုံးပြုသည့်အခါ ဖုန်း interface မဟုတ်တော့ဘဲ ပြီးပြည့်စုံသော desktop အတွေ့အကြုံဖြင့် အသုံးပြုနိုင်စေမည်ဖြစ်သည်။

အဆိုပါ Ubuntu tablet ကို ၂၀၁၆ ခုနှစ် ဒုတိယသုံးလပတ်တွင် BQ အွန်လိုင်းစတိုးမှ ကြိုတင်မှာယူမှုပြုလုပ်နိုင်မည်ဟု Canonical မှ ပြောကြားထားသည်။ တန်ဖိုးကို အတည်ပြုကြေညာထားခြင်းမရှိသော်လည်း စတာလင်ပေါင် ၂၀၀ ဝန်းကျင် ကျသင့်ဖွယ်ရှိကြောင်း သိရသည်။

Ref: Alphr
credit internetjournal
SHARE

About Thiha Htike

    Blogger Comment
    Facebook Comment

0 comments:

Post a Comment