Google ရဲ့ Alphabet ကုမ္ဗဏီဟာ Apple ထက်ပိုလို့ တန်ဖိုးကြီး တဲ့ ကုမ္ဗဏီဖြစ်လာ

alphabet
Google ရဲ့ မိခင်ကုမ္ဗဏီဖြစ်တဲ့ Alphabet ကုမ္ဗဏီရဲ့ စတော့ ရှယ်ယာ တန်ဖိုးဟာ အိုင်ဖုန်း ထုတ်လုပ်တဲ့ Apple ကုမ္ဗဏီရဲ့ စတော့ရှယ်ယာ တန်ဖိုးထက် ငါးရာခိုင်နှုန်းလောက် များတာ ကြောင့် ကမ္ဘာ့တန်ဖိုး အကြီးမားဆုံး Public Company အဖြစ် စံချိန်တင်ခဲ့ပါတယ်။

 
Google အမည်နဲ့ အများပိုင် ကုမ္ဗဏီဖြစ်တုန်းက Apple ကို မကျော်ပဲ Alphabet ကုမ္ဗဏီအမည်နဲ့ စတော့ရှယ်ယာပြောင်းတော့မှ ဈေးတက်လာခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် Alphabet ဘာလုပ်နေတယ်ဆိုတာ ဘယ်သူမှ သေသေချာချာ မပြောတတ်ပါဘူး။ Google ကတော့ ပုံမှန် အတိုင်းလည်ပတ်နေပါတယ်။ Alphabet ဟာ AI လို့ခေါ်တဲ့ ပြုလုပ်ဖန်တီးထားတဲ့ မှတ်ဥာဏ် ဆိုင်ရာ နည်းပညာများ၊ hardware များကို ပိုမို ထုတ်လုပ်သွားရန် ရှိကြောင်း ခန့်မှန်းထားကြ ပါတယ်။
 
ယခု တန်ဖိုးအကြီးဆုံးဆိုတာကတော့ Public Company list မှာ ဖြစ်ပါတယ်။ Public ဆိုတာ အများပိုင် ကုမ္ဗဏီဖြစ်ပြီး လူတိုင်း ရှယ်ယာဝယ်ပြီးတော့ လူတိုင်း ပိုင်ဆိုင်နိုင်တဲ့ ကုမ္ဗဏီဖြစ် ပါတယ်။ ဒီတော့ Google ကိုရော၊ Apple ကိုရော ရာခိုင်နှုန်း အသီးသီး ပိုင်ဆိုင်သူများ ကမ္ဘာတစ်လွှားမှာ ရှိနေပါတယ်။
.
Ref: tech crunch
Credit MMAS
SHARE

About Thiha Htike

    Blogger Comment
    Facebook Comment

0 comments:

Post a Comment