
HYT ၏ H series နာရီများတွင် သမားရိုးကျ လက်တံများနေရာ၌ အရည်ဖြင့် ဆံခြည်မျှင်သွေးကြောများ ပါဝင်သော hydro-mechanical စနစ်ကို အသုံးပြုထားသည်။ ယခုအခါတွင် HYT နှင့် ၎င်း၏ ကုမ္ပဏီခွဲ Preciflex သည် liquid အခြေခံ နာရီများသာမက လက်ဝတ်ရတနာများကိုပါ ဈေးနှုန်းသက်သာစွာ ဖန်တီးရန် ကန်ဒေါ်လာ ၂၃ သန်းရရှိထားကြောင်းသိရသည်။ Preciflex သည် အဆိုပါနည်းပညာကို မော်တော်ကားနှင့် ဆေးပညာနယ်ပယ်များတွင်လည်း အသုံးပြုနေသောကြောင့် microfluidic ၏ တိုးတက်မှုကို အထင်းသား တွေ့မြင်နိုင်သည်။
HYT အနေဖြင့် မည်သည့်ထုတ်ကုန်များတွင် liquid အခြေခံနည်းပညာကို အသုံးပြုသွားမည်ကို ထုတ်ပြန်ခဲ့ခြင်း မရှိသော်လည်း ၃ နှစ်အတွင်း အကောင်အထည်ဖော်သွားရန်မျှော်လင့်ထားပြီး အခြားကုမ္ပဏီများနှင့်လည်း ပူးပေါင်းသွားမည် ဖြစ်ကြောင်း သိရသည်။
HYT နှင့်ပူးပေါင်းမည့် ရင်းနှီးမြှုပ်နှံသူများတွင် Nestle ဥက္ကဋ္ဌကဲ့သို့ သြဇာအာဏာရှိသော ပုဂ္ဂိုလ်များပါဝင်နေသည်။ ထိုရင်းနှီးမြှုပ်နှံသူများသည် အထက်ပါနည်းပညာကို အများနှင့်သက်ဆိုင်သော ထုတ်ကုန်များမှ ဇိမ်ခံပစ္စည်းများအထိ ထည့်သွင်းသွားဖွယ်ရှိသည်။
Ref: Engadget
0 comments:
Post a Comment