ပြီးခဲ့သည့်နှစ်က
Apple သည် desktop operating system ဖြစ်သည့် OS X တွင် Siri digital
assistant တွင် စီစဉ်လျက်ရှိကြောင်း 9 to5Mac မှဖော်ပြခဲ့သည်။
အဆိုပါ update သည် ၂၀၁၆ ခုနှစ် ဆောင်းဦးရာသီတွင် Apple ကအရေးပါသော အဆင့်မြှင့်တင်မှု ပြုလုပ်မည့် အစီအစဉ် တစ်စိတ်တစ်ပိုင်း ဖြစ်လာဖွယ်ရှိသည်။ Mac တွင် Siri ပါဝင်လာဖွယ်ရှိသော ကောလာဟလ သတင်းများ ထွက်ပေါ်နေသည်မှာ ကာလအတန်ကြာပြီး ဖြစ်သည်။
Siri ၏ Mac ဗားရှင်းသည် Menu Bar တွင် ပါဝင်နိုင်ဖွယ်ရှိပြီး Spotlight Search tool အနီး ညာဘက်ထိပ်တွင် Siri သင်္ကေတ ပေါ်လာမည် ဖြစ်သည်။ အဆိုပါ Siri သင်္ကေတကို နှိပ်လိုက်ပါက ပွင့်လင်းမြင်သာသည့် Siri interface ပေါ်လာမည် ဖြစ်သည်။ ၎င်း interface သည် Apple က iOS 9 တွင် Siri ကိုမိတ်ဆက်ခဲ့ အလားတူ ရောင်စဉ်လှိုင်းများ ပါဝင်လာနိုင်ကြောင်း သတင်း၌ ရေးသားထားသည်။
Credit Internetjournal

0 comments:
Post a Comment