P8 Lite စမတ်ဖုန်း ၁၀သန်း တင်ပို့ရောင်းချခဲ့ဟု Huawei ထုတ်ပြန်


Huawei သည်ပြီးခဲ့သည့်နှစ် နွေရာသီက ထွက်ရှိခဲ့သော P8 Lite စမတ်ဖုန်းအလုံးရေ ၁၀ သန်းကျော် တင်ပို့ရောင်းချခဲ့ရကြောင်း ထုတ်ပြန်ခဲ့သည်။ P8 Lite စမတ်ဖုန်းသည် တရုတ်နိုင်ငံအပြင် နိုင်ငံတကာကပါ စိတ်ဝင်စားသည့် ပထမဆုံးစမတ်ဖုန်းဖြစ်ကြောင်း Huawei က ပြောကြားခဲ့သည်။

P8 Lite သည် P8 စမတ်ဖုန်းအရွယ်ထက် သေးငယ်ပြီး ဈေးနှုန်းသက်သာသော စမတ်ဖုန်းတစ်မျိုးဖြစ်သည်။ လွန်ခဲ့သည့် ၉ လက ထွက်ရှိခဲ့သော P8 သည်လည်း စတင်ထွက်ရှိချိန်မှစ၍ ဖုန်းအလုံးရေ ၁၆ သန်း ရောင်းချထားရသည်။ ၂၀၁၆ ခုနှစ်သည် Huawei အတွက် အလွန်ကောင်းမွန်သော စတင်မှုဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ချက်များအရ သိရသည်။

Huawie သည် ဇန်နဝါရီလတွင် စမတ်ဖုန်းအလုံးရေ ၁၂ သန်း တင်ပို့ရောင်းချခဲ့ပြီး စံချိန်သစ်တင်နိုင်ခဲ့သည်။ ထိုပမာဏသည် ဇန်နဝါရီလ ၂၀၁၅ ခုနှစ်မှ ၉၃ ရာခိုင်နှုန်း တိုးတက်လာခြင်း ဖြစ်သည်။ ထို့အပြင် ဇန်နဝါရီလသည် Huawei က စမတ်ဖုန်း ၁၀ သန်းကျော် တင်ပို့ရောင်းချနိုင်ခဲ့သည့် လေးလမြောက်လဖြစ်သည်။ Huawei ၏ အမှတ်တံဆိပ်ကို သတိပြုမှု မြင့်တက်လာသည်နှင့်အမျှ ထုတ်ကုန်ရောင်းချမှုသည်လည်း သိသိသာသာ တိုးတက်လာခဲ့သည်။

Huawei အနေဖြင့် ၂၀၁၅ ခုနှစ်တွင် စမတ်ဖုန်း ၁၀၈ သန်း တင်ပို့ရောင်းချနိုင်ခဲ့ခြင်းကြောင့် အောင်မြင်မှု ရရှိလာခြင်းဖြစ်သည်။ ထိုပမာဏသည် ၂၀၁၄ ခုနှစ်တွင် တင်ပို့ရောင်းချခဲ့သည့် အရေအတွက်မှ ၄၄ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။ ယခုအခါ Huawei သည် ကမ္ဘာ့ထိပ်တန် စမတ်ဖုန်း အမှတ်တံဆိပ် ၃ ခုအနက် ၁ ခုအဖြစ် အခိုင်အမာ ရပ်တည်လျက်ရှိသည်။

Huawei သည် ၂၀၁၆ ခုနှစ်အတွင်း P9 series ဗားရှင်းလေးခုကို ထုတ်လုပ်ရန် စီစဉ်နေကြောင်း ကောလာဟလသတင်းများ ထွက်ပေါ်လျက်ရှိသည်။ Huawei က အဆိုပါစမတ်ဖုန်းများကို ဘာစီလိုနာမြို့တွင် ကျင်းပမည့် MWC ပြပွဲ၌ မိတ်ဆက် ပြသဖွယ်ရှိကြောင်း သိရသည်။

လာမည့်ရက်သတ္တပတ် အနည်းငယ်အတွင်း ကျင်းပမည့် MWC တွင် ထုတ်ကုန်သစ် မိတ်ဆက်မည်ကို Huawei က အတည်ပြုခဲ့သော် လည်း P9 series မဟုတ်ကြောင်း ပြောကြားထားသည်။

Ref: 9to5Google
credit internetjournal
SHARE

About Thiha Htike

    Blogger Comment
    Facebook Comment

0 comments:

Post a Comment