64-bit ပရိုဆက်ဆာနှင့် Wi-Fi ပါဝင်သော Raspberry Pi 3 ကို ၃၅ ဒေါ်လာဖြင့် ရောင်းချမည်


စွမ်းဆောင်ရည်မြင့်သော 64-bit CPU နှင့် built-in ကြိုးမဲ့စနစ်ပါဝင်သော Raspberry Pi 3 ကွန်ပျူတာကို ၃၅ ဒေါ်လာဖြင့် တင်ပို့ရောင်းချမည်ဟု သိရသည်။

ခရက်ဒစ်ကတ်အရွယ်သာရှိသော Pi 3 သည် အရေအတွက် သန်းပေါင်းများစွာ တင်ပို့ရောင်းချခဲ့ရသော ယခင် Pi 2 ထက် ၆၀ ရာခိုင်နှုန်း ပိုမိုလျင်မြန်သည်။

၎င်းသည် စစ်မှန်သော PC အစားထိုးမှုတစ်ရပ်ဟု ခေါ်ဆိုနိုင်ကြောင်း Raspberry Pi ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ အီဘင်အပ်တန်က ပြောကြားသည်။

Raspberry PI 3 တွင် ပါဝင်သော PC-class feature သစ်တစ်ခုမှာ 802.11a/b/g/n Wi-Fi နှင့် Bluetooth 4 ဖြစ်သည်။ ၎င်း feature သည် ယခင်အမျိုးအစားတွင် မပါဝင်ခဲ့ပေ။

ကြိုးမဲ့စနစ်သည် Nest ကဲ့သို့သော စမတ်အိမ်သုံးပစ္စည်းများနှင့် Internet of Things ထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက်မှုကို လွယ်ကူစွာ ပြုလုပ်ပေးနိုင်မည်ဟု အပ်တန်က ပြောကြားသည်။
Pi 3 တွင် 64-bit 1.2GHz quad-core ARM Cortex-A53 CPU ကို အသုံးပြုထားသည်။ ၎င်းပရိုဆက်ဆာကို မိုဘိုင်းထုတ်ကုန်များနှင့် ဆာဗာများတွင်လည်း အသုံးပြုထားသည်။ ယခင် Pi 2 တွင် 32-bit 900MHz Cortex-A7 ကို အသုံးပြုခဲ့သည်။

အခြားသော feature များကမူ Pi 2 အတိုင်းပြောင်းလဲခြင်းမရှိပေ။ ၎င်းတွင် HDMI port တစ်ခုအပြင် Ethernet, MicroSD နှင့် USB port လေးခုပါဝင်သည်။ ထို့အပြင် 1080p ဗီဒီယိုကို 60fps ဖြင့် ကြည့်ရှုနိုင်မည့် Broadcom VideoCore IV 3D ဂရပ်ဖစ်ပရိုဆက်ဆာကို အသုံးပြုထားသည်။
လက်ရှိတွင် Pi 3 ကွန်ပျူတာ အလုံးရေ ၂ သိန်းခန့်ကို ရက်အနည်းငယ်အတွင်း တင်ပို့ရောင်းချသွားမည်ဟု အပ်တန်က ပြောကြားသည်။

Raspberry Pi 3 ကို Microsoft ၏ Windows 10 IoT Core OS နှင့် Ubuntu အပါအဝင် Linux distribution များဖြင့် တွဲဖက်အသုံးပြုနိုင်သည်။

Ref: Engadget
 credit internetjournal
SHARE

About Thiha Htike

    Blogger Comment
    Facebook Comment

0 comments:

Post a Comment