♪ ကိုယ်ကစားတဲ့ပုံစံကိုလေ့လာသင်ယူမယ့် AI ပါဝင်လာတဲ့ PES 2017 ဘောလုံးဂိမ်းကို ကြေညာ ♫


Konami ကုမ္ပဏီရဲ့ ဘောလုံးဂိမ်းစီးရီး Pro Evolution Soccer 2017 (PES 2017) ဂိမ်းသစ်ကို PC, PS3, PS4, Xbox 360 နဲ့ Xbox One ဂိမ်းစက်တွေအတွက် ထုတ်လုပ်တော့မှာဖြစ်တယ်လို့ ဂိမ်းရဲ့ Brand Manager ဖြစ်သူ Adam Bhatti က Twitter မှာဖော်ပြခဲ့ပါတယ်။

ဂိမ်းထဲမှာ ထူးခြားတဲ့ ပြောင်းလဲချက်တစ်ခုကတော့ Artificial Intelligence လို့ခေါ်တဲ့ သိဥာဏ်တု (AI) ပါဝင်လာခဲ့တာဖြစ်ပြီး အဆိုပါ AI ဟာ ကိုယ်ဘယ်လိုဆော့ကစားတယ်ဆိုတာကို သင်ယူမှတ်သားမှာဖြစ်ပါတယ်။ ဒါကြောင့် ဂိမ်းဟာဆော့ရင်းဆော့ရင်း တစ်ဖြည်းဖြည်းချင်း အဆင့်မြှင့်လာမှာဖြစ်ပါတယ်။ ဒါကြောင့် PES 2017 ဂိမ်းဟာ AI ပါဝင်တဲ့ ပထမဆုံးဘောလုံးဂိမ်းဖြစ်တယ်လို့ သိရပါတယ်။

pes-2017-2

အဲ့ဒီအပြင် အသင်းတွေရဲ့ မဟာဗျူဟာတွေကို အထူးအဆင့်မြှင့် Menu နဲ့ တည်ဆောက်နိုင်ပြီး Tika-Taka နဲ့  Tight Marking လိုမျိုး မဟာဗျူဟာတွေကို ပြောင်းလဲနိုင်မှာဖြစ်ပါတယ်။ အသင်းလိုက်ထိန်းချုပ်တဲ့ လုပ်ဆောင်ချက်ကလည်း ကစားသမားတွေကို တိုက်စစ်နဲ့ ခံစစ်မဟာဗျူဟာတွေအပေါ် အလျင်အမြန်တုံ့ပြန်နိုင်အောင် ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ Animation တွေကိုလည်း တိုးမြှင့်ထားခဲ့ပြီး Animation အသစ် ရာပေါင်းများစွာကို ကစားသမားတွေနဲ့ ဂိုးသမားတွေကိုမြှင့်တင်ထားခဲ့တာပါ။

ဒါ့အပြင် Real Touch နဲ့ Precise Pass တို့လိုလုပ်ဆောင်ချက်အသစ်တွေ၊ ထောင့်ကန်ဘောကန်တဲ့ မဟာဗျူဟာတွေကိုလည်း ထပ်မံထည့်သွင်းထားခဲ့ပါတယ်။ ဇုန်လိုက်၊ တစ်ဦးချင်း ပစ်မှတ်ထားလာနိုင်တဲ့အပြင် တိုက်စစ်ဆင်ဖို့အတွက်လည်း ကစားသမားတွေရဲ့ အတိုးအလှုပ်တွေ ကိုခွဲခြား ရွေးချယ်လာနိုင်တာဖြစ်ပါတယ်။

ဒီလိုအချက်အလက်တွေကို ပြောကြားခဲ့ပေမယ့် စတင်ဖြန့်ချိမယ့်အချိန်နဲ့ ဘယ်နိုင်ငံတွေမှာ ရရှိမယ်ဆိုတာကိုတော့ Konami အနေနဲ့ ထည့်သွင်းပြောကြားခဲ့ခြင်းမရှိတာဖြစ်ပါတယ်။

Credit to ==> Digital Times

Credit pyaephyo.com
SHARE

About Thiha Htike

    Blogger Comment
    Facebook Comment

0 comments:

Post a Comment