ငွေဖြည့်သူများကို Ooredoo က အင်တာနက် အသုံးပြုခွင့် လက်ဆောင်ပေး


ဖေဖော်ဝါရီလ ၁ ရက်မှစ၍ Ooredoo အသုံးပြုသူများအတွက် ငွေဖြည့်သွင်းလျှင် အင်တာနက်အသုံးပြုခွင့် အပိုလက်ဆောင်ပေးအပ်ခြင်းကို စတင်လိုက်ကြောင်း သိရသည်။

၁ ထောင်ကျပ်အောက် ဖြည့်သွင်းလျှင် 5 MB ၊ ၃ ထောင်ကျပ်အောက် ဖြည့်သွင်းလျှင် 10MB ၊ ၅ ထောင်ကျပ်အောက် ဖြည့်သွင်းလျှင် 50MB ၊ ၁ သောင်း ကျပ်အောက် ဖြည့်သွင်းလျှင် 100MB ၊ ၂ သောင်းကျပ်အောက် ဖြည့်သွင်းလျှင် 250MB ၊ ၂ သောင်းကျပ်နှင့်အထက် ဖြည့်သွင်းလျှင် 1GB လက်ဆောင် ပေးအပ်သွားမည်ဟု သိရသည်။

Ooredoo သည် ၎င်း၏ ငွေဖြည့်သွင်းလျှင် အင်တာနက်အသုံးပြုခွင့် လက်ဆောင်ပေးသည့် ဝန်ဆောင်မှုကို အချိန်ကာလ သတ်မှတ်ထားခြင်းမရှိဘဲ ဝန်ဆောင်မှု ပေး အပ်ခဲ့ခြင်းဖြစ်ပြီး အပိုရရှိသည့် အင်တာနက် အသုံးပြုခွင့်အတွက်လည်း အသုံးပြုချိန်များကို ကန့်သတ်ထားခြင်းမရှိကြောင်း သိရသည်။

 credit internetjournal
SHARE

About Thiha Htike

    Blogger Comment
    Facebook Comment

0 comments:

Post a Comment