ကမ္ဘာတစ်ဝန်းမှာ Apple ပစ္စည်းပေါင်း ၁ ဘီလျံကို အသုံးပြုနေကြောင်း သုသေတန ပြုလုပ်တဲ့ ကုမ္ဗဏီတစ်ခုက Apple ရဲ့ တောင်းဆိုမှုအရ ပြုလုပ်ပြီးတော့ စာရင်းထုတ်ပြန်ပေးခဲ့ ပါတယ်။ ၂၀၁၄ ခုနှစ်ကတည်းက Android ဆက်စပ် ပစ္စည်းသုံးသူပေါင်းက ၁ ဘီလျံ ပြည့်တာ ဆိုတော့ Apple ကနောက်ကျပါတယ်။
ဒါပေမယ့် တကယ်တန်း အကျိုးအမြတ်မှာကျတော့ Apple က သာပါတယ်။ Google ဟာ Android လို့ခေါ်တဲ့ OS ကို
ထောက်ပံ့ပြီး စမတ်ဖုန်း ထုတ်တဲ့ ကုမ္ဗဏီများကို ပေးတာဖြစ်တာ ကြောင့်
အကျိုးအမြတ်တွေကို မျှယူကြရခြင်း ဖြစ်ပါတယ်။ အဓိက အကျိုးအမြတ်ကို စမတ်ဖုန်း
ကုမ္ဗဏီများက ရရှိခြင်း ဖြစ်ပါတယ်။ Apple ကတော့ OS လည်း သူတို့၊ ပစ္စည်းလည်း သူတို့ ဖြစ်တာကြောင့် အားလုံးကို ရပါတယ်။ Apple Device လို့ဆိုတဲ့ နေရာမှာ iPhone, iPad, Applw Watch, Apple TV အစရှိသဖြင့် အားလုံးပါဝင်မှာ ဖြစ်ပါတယ်။
Apple ရဲ့ ဝယ်လိုအားဟာ
နေရာတိုင်းမှာ တိုးတက်နေပြီး ရွှေရောင်ထုတ်လုပ်တဲ့ ရည်ရွယ်ချက်က
အာရှဈေးကွက်ကို ထိုးဖောက် အောင်မြင်ချင်လို့ ဖြစ်ပါတယ်။ တရုတ်ပြည် နဲ့
အိန္ဒိယဟာ Apple အတွက် အဓိက ရည်ရွယ်တဲ့ နိုင်ငံများ ဖြစ်လာပြီး အခြားသော လူဦးရေ များတဲ့ တိုင်းပြည်များကို အဓိကထား လာပါတယ်။
.
Ref: engadget
Credit MMAS
0 comments:
Post a Comment