Apple လည်း VR ထုတ်ဖို့ တိတ်တဆိတ် ကြိုးစားနေ

apple vr team
Apple ရဲ့ စီအီးအို Tim Cook ကို မီဒီယများက VR နဲ့ ပက်သက်ပြီး အင်တာဗျူးတော့ VR ဟာ အင်မတန် စိတ်ဝင်စားစရာကောင်းတဲ့ ပစ္စည်းဖြစ်ကြောင်း မှတ်ချက်ပေးခဲ့ ပါတယ်။ ယင်းမှတ်ချက်ပြီးနောက် အမေရိကန်မှာ ဖြန့်ချိတဲ့ စီးပွားရေး သတင်းစာတွေမှာ ရေးသားလိုက်တာကတော့ Apple ဟာ VR ပစ္စည်းထုတ်ဖို့အတွက် တိတ်တဆိတ်ကြိုးစားနေတယ် ဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။

 
ယင်းကဲ့သို့ သတင်းရေးရခြင်းရဲ့ နောက်ကွယ်မှာ အမှန်တရားများစွာရှိနေပါတယ်။ Apple အနေနဲ့ ကမ္ဘာ့အတော်ဆုံး Virtual Reality ကို လေ့လာတဲ့ သုတေသန ပညာရှင်တစ်ဦးကို ဝန်ထမ်းအဖြစ် ခေါ်ယူ ခန့်အပ်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါ့အပြင် Apple ဟာ Microsoft ကို 3D နည်းပညာ ရရှိအောင် ထောက်ပံ့ပေးခဲ့တဲ့ ကုမ္ဗဏီတစ်ခုကိုပါ အပြီးတိုင်း ဝယ်ယူလိုက်ပါတယ်။ ယင်း အချက်များက Apple ဟာ တကယ်ပဲ VR ထုတ်ဖို့အတွက် ကြိုးစားနေတယ်ဆိုတာ သေချာစေခဲ့ပါတယ်။
 
Apple မှာ VR အတွက် သုတေသန ဌာနရှိနေပြီ ဖြစ်ပြီး VR ထုတ်ရန်အတွက် Prototype များ ပြုလုပ်နေပြီ ဖြစ်ပါတယ်။ မျက်မှန်လို တပ်ပြီးတော့ 3D Video ကြည့်ရမယ့်၊ လုပ်ဆောင်ရမယ့် ယင်း နည်းပညာဟာ ကမ္ဘာတစ်လွှားအောင် ခေတ်စားလာနေပြီ ဖြစ်တာကြောင့် Apple ဟာလည်း ဈေးကွက်ဝင်လာတော့မှာ ဖြစ်ပါတယ်။
.
Ref: engadget
Credit MMAS
SHARE

About Thiha Htike

    Blogger Comment
    Facebook Comment

0 comments:

Post a Comment