ကွေးညွှတ်နိုင်သော စမတ်ဖုန်းတစ်မျိုးကို တရုတ်ကုမ္ပဏီတစ်ခုဖန်တီး

တရုတ် startup ကုမ္ပဏီ Moxi Group သည် လက်ကောက်ဝတ်တွင် ဝတ်ဆင်နိုင်သော စမတ်ဖုန်းတစ်မျိုးကို မကြာမီ ထုတ်ဖော်မိတ်ဆက်မည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

Moxi Group မှ ထုတ်လုပ်ထားသော စမတ်ဖုန်းတွင် ပျော့ပျောင်းသော touchscreen ကို အသုံးပြုထားပြီး နာရီ သို့မဟုတ် လက်ပတ်ကဲ့သို့ ဝတ်ဆင်နိုင်ကြောင်း ကုမ္ပဏီက ပြောကြားထားသည်။ ပြန့်ပြူးညီညာသော ဒီဇိုင်းရှိသည့် အဆိုပါစမတ်ဖုန်းသည် အခြားစမတ်ဖုန်းများကဲ့သို့ လုပ်ဆောင်ချက်များ ပါဝင်သည်။

စမတ်ဖုန်း၏ မျက်နှာပြင်ကွေးတွင် ကမ္ဘာ့အပါးလွှာဆုံး အရာဝတ္ထု graphene ကို အသုံးပြုထားသည်။ Graphene သည် ပျော့ပျောင်းပြီး ကြည်လင်သည့်အပြင် အကြမ်းခံ ပေါ့ပါးမှုလည်းရှိသည်။ ၎င်းစမတ်ဖုန်း၏ ရှေ့ပြေးပုံစံကို အမြောက်အမြား ထုတ်လုပ်ထားပြီး ဖြစ်ကြောင်း၊ ယခုနှစ်ကုန်ပိုင်းတွင် တရုတ်နိုင်ငံ၌ ယူနစ်ပေါင်း ၁၀၀,၀၀၀ ထုတ်လုပ်ရောင်းချရန် စီစဉ်ထားကြောင်း Moxi မှ ပြောကြားခဲ့သည်။

သို့ရာတွင် ကနဦးအစီအစဉ်အဖြစ် အဆိုပါဖုန်းများကို အဖြူအမည်း display များဖြင့်သာ ထုတ်လုပ်သွားမည် ဖြစ်သည်။ ရောင်စုံ display ဗားရှင်းများကို ၂၀၁၈ ခုနှစ်တွင် ထုတ်လုပ်နိုင်ရန် ရည်မှန်းထားကြောင်း ကုမ္ပဏီက ပြောကြားခဲ့သည်။ ထိုအဖြူအမည်း display ပါဝင်သည့် ဖုန်းများကို တရုတ်နိုင်ငံတွင် ယွမ် ၅,၀၀၀ (ကန်ဒေါ်လာ ၇၆၀) ဖြင့် ရောင်းချသွားမည် ဖြစ်သည်။

Credit to ==> Internet Journal
Credit pyaephyo.com
SHARE

About Thiha Htike

    Blogger Comment
    Facebook Comment

0 comments:

Post a Comment