
ပင်သစ်ဒီဂျစ်တယ်ကျန်းမာရေးကုမ္ပဏီ Withings ကို ယူရို သန်း ၁၇၀ (ဒေါ်လာ ၁၉၁ သန်း) ဖြင့် ဝယ်ယူရန် ပြင်ဆင်နေကြောင်း Nokia မှ ကြေညာခဲ့သည်။
iPhone နှင့် အခြားမိုဘိုင်းထုတ်ကုန်များအတွက် ကျန်းမာရေးနှင့်သက်ဆိုင်သော accessory များနှင့် တွဲဖက်အသုံးပြုနိုင်သော app များကို ထုတ်လုပ်ဖန်တီးသည့် Withings ကို ဝယ်ယူခြင်းသည် Nokia Technologies လုပ်ငန်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး ကုမ္ပဏီ၏ ဒီဂျစ်တယ်ကျန်းမာရေးထုတ်ကုန်များအတွက် ကြိုးပမ်းအားထုတ်မှုကို အထောက်အကူဖြစ်စေမည်ဟု Nokia မှ ပြောကြားသည်။
“Withings ရဲ့ ဒီဂျစ်တယ်ကျန်းမာရေး အနာဂတ်အပေါ်ရှုမြင်ပုံဟာ ကျွန်တော်တို့နဲ့ တူညီပါတယ်။ သူတို့ရဲ့ ထုတ်ကုန်ဟာ ခေတ်ဆန်ပြီး ဒီဇိုင်းလှပသလို လူတွေရဲ့ ကျန်းမာရေးအတွက်လည်း အထောက်အကူ ဖြစ်စေပါတယ်။ ဆုတံဆိပ်တွေရရှိထားတဲ့ သူတို့ရဲ့ ထုတ်ကုန်တွေနဲ့ ပင်ကိုယ်စွမ်းရည်ထူးချွန်တဲ့ လူတွေကို Nokia Technologies ရဲ့ တီထွင်ဆန်းသစ်ပြီး ကမ္ဘာ့အဆင့်ကျွမ်းကျင်မှုတွေနဲ့ ပေါင်းစည်းပြီး ဒီဂျစ်တယ်ကျန်းမာရေးနယ်ပယ်မှာ တီထွင်ဆန်းသစ်တဲ့အရာတွေကို ဦးဆောင်ဖန်တီးသွားဖို့ ရည်မှန်းထားပါတယ်” ဟု Nokia Technologies မှ အကြီးအကဲဖြစ်သူ ရမ်ဇီဟိုင်ဒါမက်စ်က ပြောကြားသည်။
Withings သည် စမတ်သာမိုမီတာ၊ Go activity tracker နှင့် Activite ကျန်းမာရေးခြေရာခံနာရီ စသည့် ဒီဇိုင်းလှပပြီး ဆုတံဆိပ်များ ရရှိထားသော တစ်ကိုယ်ရေသုံး ကျန်းမာရေးထုတ်ကုန်များကို ဖန်တီးပြုလုပ်ထားသည်။
Ref: TheNextWeb
Credit Internetjournal
သီဟထိုက်
www.thihahtike.com
0 comments:
Post a Comment