ကမ္ဘာ့ပထမဆုံးအနေနဲ့ RAM 6GB တောင်ပါဝင်တဲ့ Vivo Xplay 5 Elite စမတ်ဖုန်းကိုမိတ်ဆက်ပြသ


ကမ္ဘာ့ပထမဆုံးအနေနဲ့ RAM 6GB တောင်ပါဝင်တဲ့ Vivo Xplay 5 Elite စမတ်ဖုန်းကို မတ်လ ၁ ရက်နေ့မှာ Vivo မှမိတ်ဆက်ပြသလိုက်ပါပြီ။ RAM (Random Access Memory) အကြောင်းအနည်းငယ်ရှင်းပြရရင် ဖုန်း storage ထဲမှာထည့်ထားတဲ့ Data တွေ , System တွေ , app တွေကို RAM ပေါ်ကိုယာယီတင်ပြီးသက်ဆိုင်ရာ Storage ဆီကနေချိတ်ဆက်လုပ်ဆောင်ပါတယ်။ ယင်းလုပ်ဆောင်ချက်တွေကိုတော့ ဖုန်းရဲ့ CPU Chipset ကနေ RAM ကိုခိုင်းစေတာပါ။ RAM ဟာ Harddisk တို့ Flash Storage တို့ကဲ့သို့သော Storage တွေထက်လုပ်ဆောင်ချက်အများကြီးပိုမြန်ပါတယ်။ ဒါကြောင့် အမြဲတမ်း run ထားရတဲ့ System ပိုင်းဆိုင်ရာတွေ Data ကိုနောက်တစ်ကြိမ် run တဲ့အချိန်မှာအဆင်သင့်ဖြစ်နေအောင် RAM ပေါ်ကိုယာယီတင်ပေးထားပါတယ်။ ဒါကြောင့် RAM ပမာဏများရင် ဖုန်းရဲ့လုပ်ဆောင်ချက်ပိုင်းဆိုင်ရာတွေမှာသိသိသာသာပိုမြန်လာဖို့အဓိကအထောက်အကူပြုပါတယ်။ အရင်တုန်းက RAM နည်းတဲ့ဖုန်းတွေမှာဆိုရင် ဆော့ဝဲ သုံးလေးငါးခုလောက် run လိုက်ရင် ဖုန်းကအနည်းငယ်လုပ်ဆောင်ချက်နှေးကွေးသွားတာမျိုးဖြစ်ဖူးကြမှာပါ။ အခု Vivo Xplay 5 Elite မှာထည့်သွင်းပေးထားတဲ့ RAM ပမာဏဟာ သာမန် Laptop ကွန်ပျူတာတစ်လုံးရဲ့ RAM ပမာဏထက်တောင်များနေပါသေးတယ်။ Vivo Xpaly 5 Elite ဖုန်းရဲ့ Processor ပိုင်းအနေနဲ့ Snapdragon ရဲ့နောက်ဆုံးထွက် Chipset ဖြစ်တဲ့ 820 Processor ကိုအသုံးပြုထားတာကြောင့် စွမ်းဆောင်ရည်မြင့်မားမြန်ဆန်ပြီးဘက်ထရီသုံးစွဲမှုအားနည်းပါးတဲ့ 820 Processor နဲ့ RAM 6GB ပမာဏတွဲဖက်ပေးထားခြင်းဟာလွန်စွာမှလိုက်ဖက်ညီမှုရှိပြီးတကယ့်ကိုစွမ်းဆောင်ရည်မြင့်မားမယ့်ဖုန်းအမျိုးအစားတစ်ခုလို့သတ်မှတ်လို့ရပါတယ်။

ဖုန်းရဲ့ဒီဇိုင်းကလည်း ရှေ့ဘက်ခြမ်းက အပွန်းအစင်းဒဏ်ခံနိုင်တဲ့ Gorilla Glass 4 မှန်ဖုံးအုပ်ထားတဲ့ Screen အကွေး dual-curved display ဒီဇိုင်းနဲ့ဖြစ်ပါတယ်။

Screen size အနေနဲ့ကတော့ 5.4 လက်မဖြစ်ပြီး ရုပ်ထွက်အလွန်ကြည်လင်ပြတ်သားတဲ့ 1440 x 2560 pixels အရည်အသွေး Quad HD Display ကိုသုံးထားပါတယ်။ ဖုန်းရဲ့နောက်ဘက်ခြမ်းမှာ FingerPrint Sensor တပ်ဆင်ပေးထားပါတယ်။

Camera ပိုင်းအနေနဲ့ 16 Megapixel အရည်အသွေးရှိတဲ့ Sony ရဲ့ Sony IMX298 Camera ကိုတပ်ဆင်ပေးထားပြီး ဖုန်းရဲ့ရှေ့ဘက်ခြမ်း Camera ကတော့ 8 Megapixel ဖြစ်တာကြောင့် Selfie ရိုက်လိုသူတွေအတွက်လည်းအထူးသင့်လျော်တဲ့ဖုန်းအမျိုးအစားဖြစ်ပါတယ်။ ဖုန်းရဲ့ System ပိုင်းအနေနဲ့ Android 5.1 Lollipop ကိုအသုံးပြုထားပြီး Built-in Storage အနေနဲ့ 128 GB ပါဝင်ပါတယ်။ Memory Card ထပ်စိုက်လို့မရပါဘူး ။ SIM Card ၂ ကဒ်ထည့်သုံးနိုင်တဲ့ဖုန်းအမျိုးအစားဖြစ်ပြီး 2G,3G,4G Network အားလုံးမှာအသုံးပြုနိုင်ပါတယ်။ Hi-Fi 3.0 အသံစနစ်ထည့်သွင်းပေးထားတာကြောင့် သီချင်းနားထောင်လေ့ရှိသူတွေအတွက် အသံထွက်လွန်စွာကောင်းမွန်မယ့်ဖုန်းအမျိုးအစားဖြစ်ပါတယ်။

ဖုန်းရဲ့ Battery အနေနဲ့ 3,600 mAh Battery တပ်ဆင်ပေးထားတာကြောင့် ဘက်ထရီအားကလည်းအတော်အသုံးခံမယ့်ဖုန်းပါပဲ။ Vivo Xplay 5 Elite ကို မတ်လ ၈ ရက်နေ့မှာစတင်ရောင်းချမယ်လို့သိရပြီး ဈေးနှုန်းအနေနဲ့ မြန်မာငွေ ၇ သိန်းခွဲဝန်းကျင်ခန့်ရှိမှာဖြစ်ပါတယ်။


Credit MMAS 
SHARE

About Thiha Htike

    Blogger Comment
    Facebook Comment

0 comments:

Post a Comment