
iPhone 5SE ရဲ့ အတွင်းပစ္စည်းဖြစ်ကြောင်း နိုင်ငံတကာ သတင်းမီဒီယာ ဝဘ်ဆိုဒ်အချို့က ယခုလို ဖော်ပြထားပါတယ်။ ယင်း ဖော်ပြချက်အရ Screen Technology မှာ 3D Touch ပါဝင်မှု မရှိကြောင်း ဆိုပါတယ်။ ဒါကြောင့်မို့ လက်ရှိ ထွက်ထားတဲ့ iPhone 6S တို့နဲ့ တန်းသွားညှိလို့ရမှာမဟုတ်ပါဘူး။ iPhone 6 နဲ့ 6Plus တို့လောက်လည်း အဆင့်မြင့်မှာ မဟုတ်ပါဘူး။
A9
Chip ကိုသုံးတာကြောင့် မြန်မှာတော့ မှန်ပါတယ်။ ဖန်သားပြင် လေးလက်မပဲ
ရှိပါမယ်။ ကင်မရာဟာ 8 MP ရှိမှာဖြစ်ကြောင်း ဆိုပါတယ်။ Fingerprint Scanner
ကတော့ ပါဝင်မှာ ဖြစ်ပါတယ်။ ဈေးနှုန်းအားဖြင့် အမေရိကန်ဒေါ်လာ ၅၀၀ ဝန်းကျင်
ပေါက်ဈေးရှိမယ့် စမတ်ဖုန်း ဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာ ၅၀၀ ဆိုတာ Xiaomi
စမတ်ဖုန်းဝယ်ရင်နောက်ဆုံးပေးထားရင် Mi 5 ကိုတောင် ဝယ်လို့ရပါတယ်။ ဒီတော့
Apple ရဲ့ မီနီဗားရှင်းဆိုတာ အချို့ ဖုန်း brand များရဲ့
ပရိုဗားရှင်းများထက်တောင် ဈေးများနေပါတယ်။
iPhone
5S ထက် အရည်အသွေးမြင့် ပိုကောင်းတဲ့ စမတ်ဖုန်းဖြစ်ကြောင်းတော့
ဆိုထားပါတယ်။ ဘာပဲဖြစ်ဖြစ် iPhone 5SE ဟာ တကယ် ဈေးကွက် ရှိလာမလားဆိုတာ
စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။
.
Ref: dailymail
Credit MMAS
0 comments:
Post a Comment