Xiaomi Mi4C အကြောင်းအသေးစိတ်ဖော်ပြချက်များ

Xiaomi Mi4C ဟာဆိုရင် Xiaomi ကနေထုတ်လုပ်လိုက်တဲ့ Dual Sim ဖြစ်ပြီး Sim Card 2 ခုလုံးကို 4G အထိ support ပြုလုပ်ပေးနိုင်သော High-end ဖုန်းအမျိုးအစားဖြစ်ကာ CDMA 800( 73 and 31) ဖုန်းများအားလုံးကို GSM နဲ့ တွဲသုံးလို့ရသလို GSM 2 ကဒ်ကိုလည်း တပြိုင်တည်းတွဲဖက်အသုံးပြုလို့ရတဲ့ တစ်မျိုးတည်းသောဖုန်း ဖြစ်ပါတယ် ။ 

5 inches ရှိတဲ့ Screen က Full HD resolution (1080×1920, 441PPI) ရုပ်ထွက်အဆင့်ရှိပါတယ်။
CPU အနေဖြင့်လည်း Snapdragon 808 Chipset အမျိုးအစား 64Bit Hexa Core (Quad Core 1.44Ghz နှင့်
Dual Core 1.82Ghz)ကို အသုံးပြုထားပြီး Adreno 418 GPU, 2GB/3GB RAM နှင့်တွဲဖက်ထားပါတယ် ။
Dual LED Flash မီးပါဝင်တဲ့ 13 Megapixels f/2.0 Back Camera ဟာဆိုရင် 0.1 Second အတွင်း Focus
ဖမ်းယူနိုင်တဲ့ Phase Detection Auto Focus(PDAF) စနစ်ပါဝင်ပြီး 5MP f/2.0 Front Camera နှင့်အတူ
Full HD Video များကို စိတ်ကြိုက်ရိုက်ကူးနိုင်မှာဖြစ်ပါတယ် ။
RAM 2GB တွင် 16GB နှင့် RAM 3GB တွင် 32GB Internal Storage ပါဝင်လို့ အသုံးပြုရတာအဆင်ပြေလှပါတယ် ။

Screen Unlock အတွက် Double Tap to Wake ပါဝင်တဲ့ အပြင် ဘေးဘောင်ကိုခေါက်ပြီး
ဓာတ်ပုံရိုက်ခြင်း၊ အနောက်သို့ပြန်သွားခြင်းစသဖြင့်ခိုင်းစေနိုင်တဲ့ Edge touch စနစ်ပါပါဝင်လာပါတယ် ။
သန့်စင်ကောင်းမွန်လှတဲ့ Polycarbonate body ဖြင့်ပြုလုပ်ထားပြီး သာမန်စွန်းထင်းမှုများကို ခဲဖျက်ဖြင့်ဖျက်ရုံဖြင့်ပျောက်ပါတယ်။
IR Sensor ပါဝင်ပြီး Universal Remote အဖြစ်လည်း အသုံးပြုနိုင်မှာဖြစ်လို့ TV , Air con, DVD, စတဲ့ Remote ဖြင့်ထိန်းချုပ်ရသည့် ပစ္စည်းများကို ဖုန်းကနေဆင့် control ပြုလုပ်နိုင်မှာဖြစ်ပါတယ် ။
ထူးခြားစွာပြောင်းလဲထားတဲ့ အားသွင်းခေါင်းဟာဆိုရင် မည်သည့်ဘက်ကနေမဆို ထည့်သွင်းနိုင်သည့် USB Type C ခေါင်းဖြစ်သွားပါတယ် ။

အခြားဆက်သွယ်မှုများအနေဖြင့် Dual Band Wifi a/b/g/n/ac, Bluetooth 4.1 ပါဝင်သည်။
3080 mAh Non-Removable Li-Ion Battery ပါဝင်ပြီး Fast Charging Support ပြုလုပ်တဲ့အတွက် အချိန်တိုအတွင်း အားဖြည့်သွင်းနိုင်မှာဖြစ်ပြီး ကြာရှည်စွာအသုံးပြုနိုင်မှာဖြစ်ပါတယ် ။ 

Xiaomi Mi4C ဟာဆိုရင် CDMA 800 နဲ့ GSM နှစ်မျိုးလုံးကိုကြိုက်နှစ်သက်သလို ထည့်သွင်းအသုံးပြုနိုင်တာကြောင့် Xiaomi ချစ်သူတွေကို သဘောကျနှစ်ခြိုက်စေပြီး စိတ်ကျေနပ်မှုတွေပေးစွမ်းနိုင်တဲ့ ဖုန်းအမျိုးအစားပဲဖြစ်ပါတယ် ။
------------------------------------------------------------
Price -
Mi4C - 245,000 , RAM 2GB, Storage 16GB [Dual] G+G (or) C+G
Mi4C - 280.000 , RAM 3GB, Storage 32GB [Dual] G+G (or) C+G
-----------------------------------------------------------
Xiaomi Mi4C ကို အောက်ပါ Mi Store Yangon ဆိုင်တွေမှာလာရောက်အားပေးဖို့ ဖိတ်ခေါ်ပါတယ် ။
Credit to ==> MI Store Yangon
credit pyaephyo.com
SHARE

About Thiha Htike

    Blogger Comment
    Facebook Comment

0 comments:

Post a Comment