
Microsoft ၏ နောက်ဆုံးပေါ် operating system သည် သုံးစွဲမှုအများဆုံးရှိသည့် Windows 7 နောက်တွင် ရပ်တည်လျက်ရှိကြောင်း နောက်ဆုံးရ အချက်အလက်များအရ သိရသည်။
Windows 10 ကို ဖြန့်ချိပြီး ခြောက်လအကြာတွင် ၎င်းသည် XP နှင့် 8.1 နှစ်ခုစလုံးကို ကျော်လွန်ခဲ့ပြီး အင်တာနက်သုံးစွဲမှုရလဒ်များအရ ဒုတိယမြောက် အကျော်ကြားဆုံး desktop operating system ဖြစ်လာသည်။
Windows 10 ၏ ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်ဝေစုမှာ ဒီဇင်ဘာလတွင် ၉.၉၆ ရာခိုင်နှုန်းရှိရာမှ ဇန်နဝါရီလတွင် ၁၁.၈၅ ရာခိုင်နှုန်းအထိ တိုးတက်လာကြောင်း Net Market Share သုတေသနကုမ္ပဏီမှ ထုတ်ပြန်ခဲ့သည်။ ကိန်းဂဏန်းများအရ Windows 10 ကိုဖြန့်ချိပြီး လအနည်းငယ်အကြာတွင် တိုးတက်မှုနှုန်း မြင့်တက်လာကြောင်း သိရသည်။
တစ်ချိန်တည်းမှာပင် Windows XP သုံးစွဲမှုသည် ယခင်လက အနည်းငယ် တိုးတက်ခဲ့ကာ ၁၁.၄ ရာခိုင်နှုန်း အထိ ရှိလာသည်။ Windows 8.1 ၏ ဈေးကွက်ဝေစုမှာ ၁၀.၄ ရာခိုင်နှုန်းဖြင့် ရပ်တန့်လျက်ရှိသည်။
Windows 10 အတွက် ဈေးကွက်ဝေစု မြင့်တက်လာခြင်းသည် လူအများက software သစ်ခေတ်ရေစီးကြောင်း ပြောင်းလဲလာခြင်းကို သတိပြုမိလာခြင်းကြောင့် ဖြစ်သည်။ Windows 8 ၏ ဆွဲဆောင်မှု အားနည်းမှုကြောင့် Microsoft က Windows 10 ကို သုံးစွဲသူ နှစ်သက်စေပြီး ရင်းနှီးကျွမ်းဝင်သော operating system အဖြစ် ဖန်တီးခဲ့သည်။
Windows 7 နှင့် 8.1 သုံးစွဲသူများသည် Windows 10 ကို အခမဲ့ အဆင့်မြှင့်တင်ရန် ခြောက်လသာ ကျန်ရှိတော့သည်။ Windows ကို ဇူလိုင်လ ၂၉ ရက်တွင် ဖြန့်ချိခဲ့ပြီး တစ်နှစ်အခမဲ့ အသုံးပြုခွင့်ပေးထားသည်။ ထိုသို့ တစ်နှစ်အခမဲ့ အသုံးပြုခွင့်သည် ယခုနှစ်နွေရာသီတွင် ကုန်ဆုံးမည် ဖြစ်ကာ Home edition အတွက် ၁၁၉ ဒေါ်လာ နှင့် Pro ဗားရှင်းအတွက် ၁၉၉ ဒေါ်လာကျသင့်မည် ဖြစ်သည်။
Ref: CNET
credit internetjournal
0 comments:
Post a Comment