လူသိနည်းသော အကောင်းဆုံး iPhone လုပ်ဆောင်ချက် (၁၀) ခု


အကယ်၍ Apple တွင် iPhone 6 နှင့် iPhone 6 Plus ၏ feature များကို ရှင်းလင်းဖော်ပြသည့် user manual ပါဝင်လာပါက ၎င်းစာအုပ်အရွယ်မှာ ဖုန်းလမ်းညွှန် စာအုပ် အရွယ်ခန့် ရှိမည် ဖြစ်သည်။ iOS platform တွင်ပါဝင်သော feature များစွာကို ချက်ခြင်း ဖော်ထုတ်ရန် မဖြစ်နိုင်ခြင်းက ၎င်း၏ အားသာချက် တစ်ခုဖြစ်သလို iPhone ကိုနှစ်ရှည်လများ သုံးစွဲသူများပင်လျှင် ရှာဖွေတွေ့ရှိရန် လိုအပ်သော feature များစွာ ကျန်ရှိနေသေးသည်။

အောက်ဖော်ပြပါ အချက်များမှာ လူသိနည်းသော အကောင်းဆုံး iPhone feature ၁၀ ခု ဖြစ်သည်။

(၁) App များစွာကို တစ်ပြိုင်နက် ပိတ်ခြင်း

သုံးစွဲသူအများစုသည် တစ်ကြိမ်လျှင် app တစ်ခု ပိတ်ခြင်းကို မပြုလုပ်လိုပေ။ ထိုသို့ပြုလုပ်ခြင်းဖြင့် ဖုန်းဘက်ထရီ သက်တမ်းနှင့် စွမ်းဆောင်ရည်ကို ကျဆင်းစေနိုင်သလို app ပြန်လည်စတင် အသုံးပြုရန် လုပ်ဆောင်ရမည် ဖြစ်သည်။ iPhone ၏ Home ခလုတ်ကို နှစ်ချက် နှိပ်ခြင်း (သို့မဟုတ် 3D Touch ဖြင့် iPhone 6s မျက်နှာပြင် ဘယ်ဘက်ခြမ်းကို နှိပ်ကာ) မြန်ဆန်သော app switcher ကိုတွေ့မြင်ရမည် ဖြစ်သည်။ ထို့နောက် ပိတ်လိုသည့် app များကို လက်ချောင်းများဖြင့် swipe ပြုလုပ်ကာ ပိတ်နိုင်သည်။ တစ်ကြိမ်လျှင် app လေးခုကို လက်ချောင်းလေးချောင်းဖြင့် အသုံးပြုကာ တစ်ပြိုင်နက်ပိတ်နိုင်သည်။

(၂) font ပုံစံသတ်မှတ်ခြင်း

iOS တွင် jailbreak မပြုလုပ်ဘဲ system font များကို မပြောင်းလဲနိုင်သော်လည်း Mail ကဲ့သို့ အချို့ app များတွင် format အမျိုးမျိုးကို အသုံးပြုနိုင်သည်။
၎င်း app တွင် format ပြုလုပ်လိုသည့် စာသားကို အချိန်တစ်ခုအထိ tap ပြုလုပ်ကာ pop-up menu မှ Bold, Italics သို့မဟုတ် Underline ရွေးချယ် ပြုလုပ်နိုင်သည်။

(၃) Text message နှင့် iMessage များတွင် ရှာဖွေမှု ပြုလုပ်ခြင်း

iPhone သုံးစွဲသူများအနေဖြင့် စာသားများနှင့် iMessage များအတွင်း လွယ်ကူစွာ ရှာဖွေနိုင်သည်။ Messages app တွင် စကားပြောဆိုမှုများ အားလုံးကို မြင်တွေ့နိုင်သော မြင်ကွင်းနေရာတွင် ၎င်း app ၏ထိပ်ပိုင်း၌ ဖော်ပြထားသော အချိန်ကို tap ပြုလုပ်ခြင်း သို့မဟုတ် display အလည်ကို tap လုပ်ကာ အပေါ်မှအနည်းငယ် ဆွဲခြင်းဖြင့် ပထမဆုံး စကားပြောဆိုမှု ပြုလုပ်ထားသော ထိပ်ဘက်ပိုင်းတွင် search box ပေါ်လာမည် ဖြစ်သည်။

(၄) Message များတွင် အချိန်မှတ်တမ်းကို ကြည့်နိုင်ခြင်း

Message တွင် message တစ်ခုချင်းစီအတွက် လက်ခံရရှိချိန် သို့မဟုတ် ပေးပို့သော အချိန်ကို ကြည့်ရှုနိုင်သည်။ မည်သည့် စကားပြောဆိုမှုတွင်မဆို မျက်နှာပြင်၏ အဓိကအစိတ်အပိုင်းကို tap ပြုလုပ်ပြီး ဖိထားကာ ဘယ်ဘက်သို့ လက်ချောင်းဖြင့် ဆွဲခြင်းဖြင့် အချိန်မှတ်တမ်းများကို တွေ့ရမည် ဖြစ်သည်။

(၅) ကင်မရာ focus နှင့် exposure ချိန်ညှိခြင်း

iPhone ၏ ကင်မရာ app အတွင်း အရာဝတ္ထုကို လမ်းညွှန်မှုတစ်ရပ်အဖြစ်သုံး၍ focus နှင့် exposure ချိန်ညှိရန် ၎င်းအရာဝတ္ထုကို tap ပြုလုပ်ခြင်းဖြင့် ပြုလုပ်နိုင်သည်။ ထို့အပြင် ဖုန်းကို ရွေ့လျားသည့်အခါ focus နှင့် exposure ကို မပြောင်းလဲဘဲ ချိန်ညှိထားနိုင်သည်။ ထိုသို့ ချိန်ညှိထားသည့်အခါတွင် မျက်နှာပြင် ထိပ်ဘက်တွင် message တစ်ခု ပေါ်လာမည် ဖြစ်သည်။

(၆) ဖုံးကွယ်ထားသော back ခလုတ်

Apple app များစွာ ဖုံးကွယ်ထားသော back feature များစွာရှိသည်။ Messages နှင့် Safari ကဲ့သို့ app များတွင် မျက်နှာပြင်တစ်ခုသို့ ပြန်လည် ကြည့်ရှုရန် ဘယ်အစွန်မှ ညာဘက်သို့ ရိုးရှင်းစွာ swipe ပြုလုပ်နိုင်သည်။ အဆိုပါ gesture သည် third-party iPhone app များတွင်လည်း အလုပ်လုပ်သည်။

(၇) Hidden level နှင့် bubble level

Apple ၏ Compass app ကိုဖွင့်၍ ညာဘက်သို့ swipe ပြုလုပ်လိုက်လျှင် hidden level ကိုတွေ့ရမည် ဖြစ်သည်။ လူများစွာ အနေဖြင့် hidden level ကို သိသော်လည်း စားပွဲခုံများကဲ့သို့ အရာများ၏ မျက်နှာပြင် ညီညာစေရန် အသုံးပြုသော ရေပြင်ညီ ရေချိန် (bubble level) အဖြစ် သိရှိခြင်းမရှိကြပေ။

(၈) Data cap မှတစ်ဆင့် app များကို ပိတ်ခြင်း

iPhone တွင် data အလွန်အသုံးပြုသော app များကို ရိုးရှင်းသော နည်းလမ်းဖြင့် ရပ်တန့်ထားနိုင်ပြီ ဖြစ်သည်။ Settings app အတွင်းရှိ Cellular ကို tap ၍ scroll down ပြုလုပ်လိုက်လျှင် data connection အသုံးပြုနေသော ဖုန်းရှိ app တိုင်း၏ စာရင်းကို တွေ့ရမည် ဖြစ်သည်။ ထို့ကြောင့် data သုံးစွဲမှုများသော app ကို Wi-Fi ချိတ်ဆက်စဉ်သာ အသုံးပြုရန် သတ်မှတ်နိုင်သည်။ ထို့ကြောင့် app ဘေးရှိ toggle ကို slide ပြုလုပ်ရန် data သုံးစွဲမှုကို ကန့်သတ်နိုင်သည်။

(၉) Vibrate သတိပေးချက်များ အမျိုးမျိုးသတ်မှတ်ခြင်း

Settings အတွင်းရှိ Sounds မှ Text Tone ကဲ့သို့ alert တစ်ခုရွေးချယ်ရမည်။ ထို့နောက် မျက်နှာပြင် ထိပ်ဘက်ရှိ Vibration ကိုနှိပ်ပြီး Vibration သစ်တစ်ခု ဖန်တီးရန် scroll down ပြုလုပ်ရမည် ဖြစ်သည်။ သုံးစွဲသူများအနေဖြင့် custom vibrate ပုံစံအမျိုးမျိုးကို သတ်မှတ်ကာ save လုပ်ထားနိုင်သည်။
ထို့အပြင် iPhone သုံးစွဲသူများက Contacts app အတွင်းရှိ အဆက်အသွယ် တစ်ခုချင်းစီအတွက် custom vibrate ပုံစံကို သတ်မှတ်ထားနိုင်သည်။

(၁၀) Burst mode ဖြင့် ဓာတ်ပုံ ရိုက်ကူးခြင်း

သုံးစွဲသူများအနေဖြင့် iPhone ၏ Camera app မှမျက်နှာပြင် shutter ခလုတ်ကို မလွှတ်တမ်း ဖိထားလျှင် ဓာတ်ပုံများကို အဆက်မပြတ် ရိုက်ကူးပေးမည် ဖြစ်သည်။

ထိုသို့ ရိုက်ကူးထားသော ဓာတ်ပုံများကို Photos app အတွင်း အုပ်စုတစ်ခုအဖြစ် စုစည်းပေးထားမည် ဖြစ်သည်။ ဓာတ်ပုံများကို ကြည့်သည့်အခါအတွင် မျက်နှာပြင် အောက်ခြေရှိ Select ကို tap ပြုလုပ်၍ သိမ်းဆည်းလိုသည့် ပုံနှင့် ဖျက်ပစ်လိုသည့် ပုံများကို ရွေးချယ်နိုင်သည်။

Ref: Geonewsgraph
credit internetjournal
SHARE

About Thiha Htike

    Blogger Comment
    Facebook Comment

0 comments:

Post a Comment