
Bank of America နှင့် Wells Fargo တို့သည် Apple နှင့် ပူးပေါင်းရန် လုပ်ဆောင်နေပါသည်။ ဘဏ်များက Apple Pay နှင့် ပူးပေါင်းမည်ဟု အစောပိုင်းက တိုက်ရိုက်မပြောသော်လည်း Wells Fargo ၏ ATM ဌာနမှ အကြီးအကဲဖြစ်သူ Jonathan Velline က ATM စက်များတွင် ကဒ်များအစား မိုဘိုင်းဖုန်းမှ NFC ဆက်သွယ်မှုဖြင့် ငွေထုတ်ယူနိုင်စေမည့် နည်းပညာကို တီထွင်နေသည်ဟု ပြောပါသည်။ TechCrunch က မေးမြန်းရာတွင် Apple Pay ကို ပံ့ပိုးပေးမည်ဟု အတည်ပြုပါသည်။ အဆိုပါ နည်းပညာကို Android Pay နှင့်လည်း အသုံးပြုနိုင်မည်ဖြစ်သည်။
ကဒ်များအစား iPhone ဖြင့် ငွေပေးခြင်း၊ ငွေထုတ်ခြင်းများသည် ပိုမိုလုံခြုံစိတ်ချရပါသည်။ iPhone ၏ လက်ဗွေရာ စစ်ဆေးသည့် စွမ်းရည်ကြောင့် စိတ်ချရခြင်းဖြစ်သကဲ့သို့ ATM စက်များတွင် သတင်းအချက်အလက်ခိုးယူသည့် Skimmers စက်များ၏ အန္တရာယ်ကိုလည်း စိုးရိမ်ရန် မလိုတော့ပါ။
Credit to ==> Myanmar Digital Life Journal
Credit pyaephyo.com
0 comments:
Post a Comment