iPhone 7မှာ Home Button တွင်လည်း 3D Touch ပါဝင်မည်

iPhone 7မှာ Home Button တွင်လည်း 3D Touch ပါဝင်မည်


iPhone 7 ရဲ့ Home Button မှာ 3D Touch ပါဝင်ဖို့အတွက် ဖြစ်နိုင်ချေ ရှိနေပါတယ်။ Apple ရဲ့ တင်ထားတဲ့ မူပိုင်ခွင့် တစ်ခုအရ ဆိုရင် Home Button ကို နှိပ်လိုက်တာနဲ့ နှိပ်တဲ့ အား အနည်းအများပေါ်မှာ မူတည်ပြီးတော့ Funtion များ ပေါ်လာမှာ ဖြစ်ပါတယ်။

 
iPhone 6S နဲ့ 6S Plus တို့မှာ 3D Touch ပါဝင်ပြီး ဖိလိုက်တဲ့ အားအပေါ် မူတည်ပြီး Application တွေမှာ ကိုယ် ဝင်ချင်တဲ့ funtion အသေးစိတ်ကို ဝင်လို့ ရတာမျိုး ဖြစ်ပါတယ်။ ဥပမာ Facebook ကို အားနည်းနည်းပါပါ ဖိလိုက်တဲ့အခါ ဓာတ်ပုံရိုက်မလား၊ Status ရေးမလား အစရှိသဖြင့် ပေါ်လာတာမျိုး ဖြစ်ပါတယ်။ Application ရေးတဲ့သူများက 3D Touch အတိုင်း ပါဝင်အောင် ရေးရင် ရပါတယ်။ iPhone ရဲ့ Default app များကတော့ 3D Touch Support လုပ်တဲ့ Feature များ ပါဝင်ပြီးသား ဖြစ်ပါတယ်။ ယခု 3D Touch အသစ်က Screen ပေါ်မှာတင် ပါဝင်တာ မဟုတ်တော့ပဲ Home Button မှာပါ ပါဝင်လာခြင်း ဖြစ်ပါတယ်။
 
ဒီတော့ သူ့ဆီမှာ ဘယ်လို လွယ်တကူ ဝင်စေမယ့် Function တွေ ပါမယ်ဆိုတာ Appl Fan များ စိတ်ဝင်တစား စောင့်ဆိုင်းလျက် ရှိကြ ပါတယ်။
.
Ref: dailymail
Credit  Myanmar Mobile App
SHARE

About Thiha Htike

    Blogger Comment
    Facebook Comment

0 comments:

Post a Comment