Huawei Mate 8 မကြာမီ ပြည်တွင်းဈေးကွက်ဝင်မည်

 

Huawei မှ နောက်ဆုံးထွက်ရှိ ထားသည့် Flagship မော်ဒယ် Mate 8 စမတ်ဖုန်းကို မကြာမီ ပြည်တွင်းဈေးကွက်တွင် ​ဝယ်ယူ နိုင်မည်ဖြစ်ကြောင်း၊ အဆိုပါ Mate 8 တွင် Kirin 925 ထက် ဖုန်း၏စွမ်းဆောင်ရည် ၇၀ ရာခိုင်နှုန်းခန့် ပိုမိုမြင့်မားသည့် Kirin 950 chipset ကို ထည့်သွင်း အသုံးပြုထားပြီး စက္ကန့်ဝက်အတွင်း ဖုန်းကို Unlock ပြုလုပ်နိုင်သော မျိုးဆက်သစ် Smarter Finger Print ID နည်းပညာ ၊ Gusture နည်းပညာများ၊ မိနစ် ၃၀ ခန့်အားသွင်းရုံဖြင့် ဖုန်းကို တစ်ရက်ခန့်အသုံးပြုနိုင်သော မြန်ဆန်သည့်အားသွင်းစနစ် rapid charging နည်းပညာ၊ Huawei EMUI 4.0 နည်းပညာစသည်တို့ ပါဝင်လာကြောင်းသိရသည်။



"Mate 8 ကို ပြည်တွင်းမှာ ဖေဖော်ဝါရီလ ဒုတိယပတ်လောက်မှာ ၀ယ်ယူနိုင်မှာပါ။ ရှန်ပိန်ဂိုလ်းနဲ့ မိုခါးဂိုလ်း အရောင်နှစ်မျိုးဖြန့်ချိ သွားဖို့ရှိပါတယ်။ တန်ဖိုးကတော့ RAM 4GB နှင့် ROM 64GB ရှိတဲ့ Premium Version အမျိုးအစားကို ၆၉၉,ဝဝဝ ကျပ်ဝန်းကျင်နဲ့ ဝယ်ယူနိုင်မှာဖြစ်ပါတယ်" ဟု Huawei Myanmar မှ တာဝန်ရှိ သူဦးက ပြောသည်။



မြင်ကွင်း အရွယ်အစား ၆ လက်မရှိပြီး အမြန်နှုန်း 2.3 GHz နှင့် 1.8 GHz ရှိသော CPU နှစ်လုံးထည့်သွင်း ထားသည့် Octa-core processor ကို အသုံးပြုထားပြီး 3/4GB RAM ၊ 32GB/64GB Internal Memory ပါဝင်မည်ဖြစ်သည်။ ရှေ့ဘက်ကင်မရာမှာ 8 MP ရှိပြီး ကျောဘက်ကင်မရာမှာ 16 MP OIS အမျိုးအစားဖြစ်သည်။


credit internetjournal
SHARE

About Thiha Htike

    Blogger Comment
    Facebook Comment

0 comments:

Post a Comment