
Marathon M5 Mini တွင် RAM 2GB ပါဝင်ပြီး Storage 16GB ပါဝင်ကာ micro SD ဖြင့် ထပ်မံမြှင့်တင်နိုင်မည်ဖြစ်သည်။ ကြီးမားသော 4000mAh ဘက်ထရီအား သုံးစွဲပေးထားသည်။ ကင်မရာအရ M5 Mini တွင် ကျောဘက်၌ 8MP နှင့် ရှေ့ဘက်တွင် 5MP ကင်မရာပါဝင်သည်။ 143.5 x 71 x 9.6 mm အရွယ်အစားရှိပြီး Android 5.1 Lollipop OS အား Gionee ၏ Amigo UI 3.1 ဖြင့် အားဖြည့် ပေးထားသည်။
Connectivity အရ 3G, GPS, Bluetooth နှင့် WiFi တို့ပါဝင်သည်။ Gionee M5 Mini သည် မူလ M5 အားချုံ့ထားသော Version အဖြစ်မှတ်ယူနိုင်ပြီး M5 ကဲ့သို့ပင် ထိရောက်မှုရှိကာ ကုန်ကျစရိတ် ပိုမို သက်သာစေမည်ဟုဆိုသည်။ M5 ၏ နောက်ဆက်တွဲဖြစ်ပြီး နိုက်ဂျီးရီးယား၌လည်း ရောင်းချလိမ့်ဦးမည်ဟု သိရသည်။ သို့သော် M5 Mini ၏ ဈေးနှုန်းကိုမူ ကြေညာခဲ့ခြင်း မရှိခဲ့ပေ။
NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal
0 comments:
Post a Comment