
ဖုန်းသုံးစွဲမှု မြင့်တက်လာခြင်းသည် လူ့အဖွဲ့အစည်းက ဘဝရှုထောင့် အားလုံးအတွက် ဟန်းဆက်များအပေါ် မှီခိုမှု မြှင့်တက်လာခြင်းကို ဖော်ပြနေသည်။ Cisco အစီရင်ခံက ၂၀၂၀ ခုနှစ်တွင် မိုဘိုင်းဖြင့် အင်တာနက် သုံးစွဲမှုမှာဆယ်ဆ မြင့်တက်လာမည် ဖြစ်ကာ ၃၆၆.၈ exabytes အထိ ရောက်ရှိမည် ဖြစ်ကြောင်းသိရသည်။ ၎င်းပမာဏသည် Instagram ဓာတ်ပုံ ၈၁ထရီလီယံ သို့မဟုတ် YouTube ဗီဒီယို ၇ ထရီလီယံ နှင့်ညီမျှကြောင်း သိရသည်။ ထို့အပြင် ယမန်နှစ်က မိုဘိုင်းနှင့် တွဲဖက်အသုံးပြုနိုင်သော ထုတ်ကုန် ၇.၉ ဘီလီယံမှ ၂၀၂၀ ခုနှစ်တွင် ၁၁.၆ ဘီလီယံ ရှိလာမည်ဖြစ်ကြောင်း ခန့်မှန်းထားသည်။ ဝတ်ဆင်နိုင်သော နည်းပညာ ထုတ်ကုန်နှင့် စက်ပစ္စည်းအချင်းချင်း ချိတ်ဆက်မှုများသည် တိုးတက်လာမည် ဖြစ်ကြောင်းသိရသည်။
credit internetjournal
0 comments:
Post a Comment