Angry Birds 2 ထွက်ပြီ

bird1
၂၀၀၉ တုန်းက Angry Birds ထွက်ပြီးတော့ ကြားထဲမှာ အခြား Angry Birds များလည်း ထွက်ပါတယ်။ ဒါပေမယ့် သူတို့ဟာ Angry Bird ၂၀၀၉ ရဲ့ အဆက် မဟုတ်ပါဘူး။ ဥပမာ Angry Birds Star War, Angry Birds Transformer အစရှိသဖြင့် ထွက်ပါတယ်။ သူတို့ရဲ့ Game Play ဟာလည်း ပထမ တုန်းကနဲ့ ကွဲပါတယ်။ ဥပမာ Transformer ဆိုရင် ပြေးပြီးတော့ ပစ်ရတဲ့ ဂိမ်း ဖြစ်ပါတယ်။


ယခု Angry Bird 2 ကတော့ Angry Bird 1 ရဲ့ အဆက် စစ်စစ် ဖြစ်ပါလိမ့်မယ်။ တော်တော်များများ တူပြီး အချို့ နေရာတွေလည်း အနည်းငယ် မတူတော့ တာပါ။ 1 ဆော့ထားဖူးပြီးရင် 2 ကို တတ်ပါတယ်။ အသက် ၅ ချောင်းပေးထားပြီး တစ်ခန်း ရှုံးရင် တစ်ချောင်း ကုန်ပါတယ်။ Gem ဝယ်မယ်ဆိုရင် ၄ ဒေါ်လာ၊ ၅ ဒေါ်လာလောက်ကနေ ကုန်ပါတယ်။ အခန်းပေါင်း ၂၄၀ ပါဝင် ပါတယ်။ ၂၄ နာရီပြည့်တိုင်း bonus ရပါတယ်။ ငှက်အမျိုးအစား တိုးမသွားပါဘူး။ မိမိကြိုက်တဲ့ ငှက်ကိုလည်း ရွေးချယ်ပြီးတော့ အသုံးပြုနိုင်ပါတယ်။ ငှက်တစ်ကောင်ချင်းစီမှာလည်း ထူးခြားတဲ့ စွမ်းရည်များ ပါဝင်ပါတယ်။ အခန်းတိုင်းမှာ ဝက်များကို အကုန်သေအောင် ပစ်ရမှာပါ။ Free to Play ဂိမ်း ဖြစ်တာကြောင့် အခမဲ့ ဒေါင်းလုပ်ခ် ဆွဲပြီးတော့ လူတိုင်း ဆော့နိုင်ပါတယ်။ ဒါပေမယ့် ဂိမ်းထုတ်တဲ့ Rovio အနေနဲ့ ဂိမ်းကနေ ငွေပြန်ရအောင် လုပ်တဲ့ နည်းလမ်းကတော့ Gem ရောင်းခြင်း ဖြစ်ပါတယ်။

Android အတွက်ကော၊ iOS အတွက်ကော အခြားသော Platform များအတွက်ပါ ထွက်ပါပြီ။ Play Store, App Store တို့မှာ Angry Birds 2 လို့ ရိုက်ပြီးတော့ ရှာဖွေ Download ဆွဲနိုင် ပါတယ်။

Credit MMAS
SHARE

About Thiha Htike

    Blogger Comment
    Facebook Comment

0 comments:

Post a Comment