
ပြင်သစ်အခြေဆိုက် စမတ်ဖုန်း ထုတ်လုပ်တဲ့ ကုမ္ဗဏီဖြစ်တဲ့ Alcatel ဟာ OneTouch Idol 4S အမည်ရ နောက်ဆုံးပေါ် စမတ်ဖုန်းကို စတင်ဖြန့်ချိပြီ ဖြစ်ပြီး ထူးခြားချက် အနေနဲ့ ဘူးခွံကို Google Cardboard ကဲ့သို့ အသုံးပြုနိုင်ခြင်း ဖြစ်ပါတယ်။
Google
ရဲ့ cardboard ပြုလုပ်ခြင်း နည်းစနစ်အတိုင်း ပြုလုပ်ဖန်တီးထားပြီး 3D
များကို ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ 3D ရုပ်ရှင်များ၊ ဂိမ်းများ ကို
ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ OneTouch Idol 4S ဟာ Mid Range အလယ်အလတ်တန်း
စမတ်ဖုန်း အမျိုးအစား တစ်ခု ဖြစ်ပါတယ်။ Snapdragon 652 processor ကို
အသုံးပြုထားပြီး ဖန်သားပြင်ဟာ ၅.၅ လက်မ အရွယ်အစား ရှိပါတယ်။
စမတ်ဖုန်းကို
ဥရောပ အပြင် ကမ္ဘာ့ဈေးကွက်ကိုပါ ဖြန့်ချိမှာ ဖြစ်ပါတယ်။ မြန်မပြည်မှာလည်း
Alcatel ကို ရောင်းချပါတယ်။ Alcatel ကို ပြင်သစ်စမတ်ဖုန်းလို့ တပ်အပ်တော့
ပြောလို့မရပါဘူး။ ၄၅ ရာခိုင်နှုန်းကို ပြင်သစ်က လုပ်ငန်းရှင်
တည်ထောင်သူတို့က ပေးပေမယ့် ကျန်တဲ့ ရာခိုင်နှုန်းကိုတော့ တရုတ်ပြည်မမှ TCL
အမည်ရ ကုမ္ဗဏီက ပိုင်ဆိုင်ထားခြင်း ဖြစ်ပါတယ်။
.
Ref: The Verge
Credit Myanmar Mobile App
0 comments:
Post a Comment