2015 ခုနှစ်အတွက် Android OS သုံးအကောင်းဆုံး Messenger apps များ

best messenging
ခေတ်ကာလ ပြောင်းလဲ လာသည်နှင့် အမျှ အသစ်သစ်သော နည်းပညာများဟာလည်း တိုးတက်ပြောင်းလဲ လာပါတယ်။ ထို့အတူပဲ နည်းပညာနဲ့ ဆက်စပ် ပစ္စည်းများကို လွယ်ကူစွာ အသုံးတည့်စေမဲ့ application တွေဟာလည်း တစ်မျိုးပြီးတစ်မျိုးပေါ်ထွက်လာခဲ့ပါတယ်။ အဆိုပါ software တွေထဲကမှ အရင်က မိုဘိုင်းဖုန်းတွေမှာ Short Message service လို့တဲ့ စာတိုပေးပို့တဲ့ ဝန်ဆောင်မှုသာ ပေးစွမ်းလာရာကနေ အခုဆိုရင် အင်တာနက်ကို အသုံးပြုကာ SMS လို့ခေါ်တဲ့ စာတို ပေးပို့တဲ့ ဝန်ဆောင်မှုကို ကျော်လွန်ကာ Multimedia Messenging Service (MMS) လို့ခေါ်တဲ့ ကဏ္ဍပေါင်းစုံ ကို အချင်းချင်းပေးပို့ ဆက်သွယ်နိုင်တဲ့ Software Application တွေပေါ်ထွက်လာခဲ့ပါတယ်။ အခုလို Software Application တွေအများအပြား ပေါ်ထွက်လာခဲ့တဲ့အထဲကမှ 2015 မှာ လူအသုံးအများဆုံးနဲ့ အကောင်းဆုံး Application ၁၀ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။
BBM
၁။ BBM (Black Berry Messenger)
Black Berry ဟာအရင်က ကိုယ်ပိုင် OS ဖြစ်တဲ့ Banda OS ရပ်တည်နေပေမဲ့ ကမ္ဘာလူသုံးအများဆုံး OS ဖြစ်တဲ့ Android OS ရဲ့ဈေးကွက်ကို မယှဉ်နိုင်ဖြစ်ပြီး အနည်းငယ် နာမည်မြှပ်စပြုလာပါတယ်။ ဒါကြောင့်လဲ ကမ္ဘာ့ လူသုံးအများဆုံး OS ဖြစ်တဲ့ Android ကို ပြောင်းလဲ အသုံးပြုလာခဲ့ပါတယ်။ Android OS သုံး Smart phone အများစုရဲ့ Touch Screen သီးသန့်ဖြစ်တာကြောင့် သူ့ရဲ့ QWERT ကီးပတ် နှင့် အနည်းငယ် ကိုက်ညီမှု မရှိတဲ့အတွက်ကြောင့် Android အသုံးပြုသူတို့ရဲ့ လျစ်လျူ ရှုခြင်းကို ခံခဲ့ရပါတယ်။ ဒါပေမဲ့လည်း Black Berry ရဲ့ အားသာချက်ဖြစ်တဲ့ Security ပိုင်းအားကောင်းမှုကို ကြိုက်နှစ်သက်ပြီး အသုံးပြုနေတဲ့ အမာခံပရိတ်သတ်တွေလည်းရှိနေပါသေးတယ်။ ဒီတော့ BlackBerry ကို ကြိုက်နှစ်သက်တဲ့ အမာခံ ပရိတ်သတ်တွေရဲ့ သုံးစွဲမှု ကိုအလေးထားတဲ့အနေနဲ့ BlackBerry ဟာ BBM လို့ခေါ်တဲ့ Black Berry Messenger ကို ထောက်ပံ့ပေးခဲ့ပါတယ်။
Black Berry messenger ဟာ အင်တာနက်အသုံးပြုကာ ဖုန်းခေါ်ဆိုနိုင်ခြင်း ၊ ဖိုင်များ မျှဝေနိုင်ခြင်း ၊ Document များ မျှဝေနိုင်ခြင်း ၊ အသံ message များပေးပို့နိုင်ခြင်းအပြင် ဓါတ်ပုံများလည်း ပေးပို့နိုင်တဲ့အတွက်ကြောင့် Black Berry အသုံးပြုသူတွေအတွက် အကြိုက်တွေ့စေခဲ့ပါတယ်။ Black Berry အသုံးပြုသူတွေရဲ့ မှတ်ချက်အရတော့ BBM (BlackBerry Messenger) ဟာ Black Berry အတွက်သာမကပဲ အခြား Android OS သုံး smart phone တွေအတွက်လည်း အဆင်ပြေစွာ အသုံးပြုနိုင်တဲ့ Application တစ်ခုလို့ မှတ်ချက်ပြုကြပါတယ်။
Facebook-Messenger-screenshot
၂။ Facebook Messenger
Facebook Messenger ကတော့ ပြောနေစရာမလိုလောက်အောင် လူသုံးများတဲ့ Application တစ်ခုလို့ ပြောရမှာပါ။ မြန်မာနိုင်ငံမှာ ရှိတဲ့ အင်တာနက် အသုံးပြုသူ ၁၀၀ ရာခိုင်နှုန်းမှာ ၉၀ ရာခိုင်နှုန်းလောက်က Facebook အသုံးပြုကြတဲ့ လူတွေဖြစ်ပါတယ်။ Facebook ရဲ့ ဗျူဟာအရ သူ့ရဲ့ Application ကို အသုံးပြုတာနဲ့ Chat ဖို့အတွက် Facebook Messenger ရှိမှသာ Chat ခွင့်ပေးတာဖြစ်လို့ပါပဲ။
Facebook Messenger ရဲ့ Feature တွေကတော့ အားလုံးသိကြတဲ့အတိုင်းပါပဲ။ ၂၀၁၅ မှာ အရင်ကထက်တောင် ပိုပြီး ဝန်ဆောင်မှုတွေ ထပ်တိုးပေးထားပါသေးတယ်။ သာမန် အပျော်တမ်း multimedia messaging service ကိုပေးရုံသာမကပဲ အချို့နိုင်ငံများမှာ ငွေပေးချေမှု ဝန်ဆောင်မှုကိုပါပေးထားလို့ဖြစ်ပါတယ်။ ဒါကြောင့်လဲ messenger application တွေထဲမှာ ထိပ်ဆုံက ဖြစ်နေခြင်းပါပဲ။
hangout
၃။ Google Hangouts
Google ဟာ သူ့ရဲ့ အရှိန်အဝါကြီးမားမှုကို အားကိုးပြီး အင်တာနက် အသုံးပြုသူတို့အတွက် မြောက်များစွာသော ဝန်ဆောင်မှုတွေကို ပေးထားပါတယ်။ ဒီလို မြောက်မြားစွာသော ဝန်ဆောင်မှုတွေထဲကမှ အရင်ကတည်းက ရှိနေတဲ့ Google Talk ကို အမှီပြုကာ Google Hangouts ကိုအသုံးပြုခွင့်ပေးခဲ့ပါတယ်။
အရင်က Google Talk တုန်းက အသံကောလ်ခေါ်ဆိုခြင်း ၊ Chatting ထိုင်ခြင်းတွေကို သာ အသုံးပြုလို့ရတဲ့ google ဟာ Google Hangout မှာတော့ အများနည်းတူ စုံလင်လှတဲ့ feature တွေကိုထည့်သွင်းပေးခဲ့ပါတယ်။ Video Call ခေါ်ဆိုခြင်း ၊ Group Chat အသုံးပြုနိုင်ခြင်း ၊ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် ဓါတ်ပုံများ ပေးပို့နိုင်ခြင်း အပြင် အခြား ဖိုင်များ ပေးပို့ မျှဝေနိုင်ခြင်းတွေကိုပါ တွင်ကျယ်စွာ အသုံးပြုခွင့်ပေးခဲ့ပါတယ်။ ဒါကြောင့် Google Hangouts ဟာလည်း လူသုံးအများဆုံးနဲ့ အကောင်းဆုံး Application ထဲမှာ ပါဝင်လာတာဖြစ်ပါတယ်။

Kik-screenshot-2016-840x473
၎။ Kik
KiK ဆိုတဲ့ application ကတော့ အထူးသဖြင့် ဂိမ်းကစားသူတွေအတွက် အလွန်ကောင်းမွန်တဲ့ Application ဖြစ်ပါတယ်။ Kik ကို အသုံးပြုဖို့အတွက် register လုပ်တဲ့အခါမှာ နာမည်အစစ်အမှန်တွေ ပေးစရာမလိုပဲ လွတ်လပ်စွာ အသုံးပြုနိုင်လို့ပဲဖြစ်ပါတယ်။ ဂိမ်းကစားသူများထဲမှာမှ Clash of Clans ကို ကစားတဲ့သူတွေဟာ Kik ကို အသုံးများကြပါတယ်။ အပြင်မှာ တွေ့ဖို့အတွက်ဆက်သွယ်ကြတဲ့အခါမှာ အသုံပြုကြပါတယ်။ Kik ကလည်း အခြား messenger application များလိုပဲ sticker များ ၊ emoji များကို ပေးပို့နိုင်ပြီး Group chat လည်း ပြုလုပ်နိုင်ပါတယ်။ ဒါ့အပြင် ဓါတ်ပုံများ ၊ ဗီဒီယိုများကိုလည်း ပေးပို့မျှဝေနိုင်ပြီး Gifs ဖိုင်များကိုလည်း ပေးပို့မျှဝေပေးနိုင်ပါသေးတယ်။ ဒီဇိုင်းကလည်း ကြည့်လို့ အဆင်ပြေစေတဲ့ ဒီဇိုင်းဖြစ်တဲ့အပြင် အချို့ ဒီဇိုင်းများကိုလည်း မိမိစိတ်ကြိုက် စီမံနိုင်ပါသေးတယ်။
LINE-screenshot-2016-840x473
၅။ LINE
မြန်မာနိုင်ငံအတွင်းသို့ ၂၀၁၅ နှစ်စပိုင်းလောက်က စပြီး ခြေဆန့်ထိုးဖောက်လာခဲ့တဲ့ LINE application ဟာလည်း ၂၀၁၅ ရဲ့ လူကြိုက်အများဆုံး messenger ထဲမှာ ပါဝင်လာခဲ့ပါတယ်။ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ အသုံးပြုသူတွေတွက်ချက်ကြည့်တဲ့အခါမှာတော့ သန်း ၁၀၀ ကျော် ဒေါင်းလုတ် ပြုလုပ်အသုံးပြု သူရှိလာခဲ့ပါတယ်။ Messenger application လို့ ပြောပေမဲ့လည်း Social app တစ်မျိုးလို့ ပြောလို့ရပါတယ်။ Timeline တွေကအစ စုံလင်လှတဲ့ Feature တွေပါဝင်ထည့်သွင်းပေးထားတဲ့ messenger က အဆုံး အသုံးပြုရတာ ရိုးရှင်းပြီး ဆွဲဆောင်မှု ရှိတဲ့ application တစ်ခုဖြစ်ပါတယ်။
သူ့ရဲ့ Feature တွေကတော့ အားလုံးသိကြတဲ့အတိုင်းပဲ စတစ်ကာများပေးပို့နိုင်ခြင်း ၊ emojis များပေးပို့နိုင်ခြင်း ၊ ဗီဒီယို ဖိုင်များ ပေးပို့နိုင်ခြင်း နှင့် ဓါတ်ပုံများ ပေးပို့နိုင်ခြင်း စတဲ့ အချက်တွေကြောင့် အသုံးပြုသူများပြားလာခဲ့ခြင်းဖြစ်ပါတယ်။
signal-840x491
၆။ Signal Private Messenger
တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန်လျို့ဝှက်ဆက်သွယ်နိုင်တဲ့ application ဖြစ်ပါတယ်။ Signal Private Messenger ဟာ လုံခြုံမှုနဲ့ တစ်ကိုယ်တည်း အသုံးပြုနိုင်မှုကို ဦးစားပေးတဲ့ Application ဖြစ်တဲ့အပြင် ၂၀၁၅ မှာ နာမည်ကြီးခဲ့ကြတဲ့ အမေရိကန်အစိုးရရဲ့ လျို့ ဝှက်ချက်တွေကို ဖော်ထုတ်လိုက်တဲ့ Snowden က အသုံးပြုခဲ့တဲ့ application တစ်ခုဖြစ်တယ်လို့လဲ ဆိုပါတယ်။ လှပပြီး စွဲဆောင်မှုရှိတဲ့ ဒီဇိုင်းများကို မိမိစိတ်ကြိုက် ဖန်တီးနိုင်ခြင်းကလည်း အဆိုပါ application ရဲ့ အားသာချက်တစ်ခု ဖြစ်ပါတယ်။
Message ပေပို့ခြင်း ၊ Free Vice Call ခေါ်ဆိုခြင်း ၊ ဓါတ်ပုံများအပြန်အလှန် ပေးပို့နိုင်ခြင်း စတဲ့ feature တွေကိုလည်း အသုံးပြုနိုင်ပါသေးတယ်။
skype
၇။ Skype
Microsoft က ဝယ်ယူပြီးနောက်ပိုင်းမှာ အနည်းငယ် ငြိမ်ချက်သားကောင်းနေတဲ့ Skype ဟာ အရင်ကတည်းက အခမဲ့ Vidoe Call ခေါ်ဆိုခြင်း၊ Voice Call ခေါ်ဆိုခြင်းများကို အသုံးပြုခွင့်ပေးထားပြီးသားဖြစ်ပါတယ်။ အခုနောက်ပိုင်း Microsoft မှ ဝယ်ယူလိုက်ပြီးမှ အခြား အမျိုးမျိုးသော စာရွက်ဖိုင်များကိုလည်း မျှဝေနိုင်ခဲ့တဲ့အပြင် Videos files များပေးပို့ခြင်း animation emoji များပေးပို့နိုင်ခြင်း စတဲ့ အချက်တွေအပြင် Facebook မှမိမိရဲ့ သူငယ်ချင်းများဖြင့်လည်း ချိတ်ဆက် စကားပြောဆက်သွယ်နိုင်တဲ့ Messenger application တစ်ခုဖြစ်လာခဲ့ပါတယ်။
Viber-screenshot
၈။ Viber
မြန်မာနိုင်ငံမှာ အင်တာနက်ကို တွင်ကျယ်စွာ စတင် အသုံးပြုခွင့်ရလာတဲ့အချိန်မှာ အရမ်းနာမည်ကြီးခဲ့တဲ့ messenger application တစ်ခုဖြစ်ပါတယ်။ နောက်ပိုင်းမှာ မြောက်များလှစွာသော messenger application များ မြန်မာ ဈေးကွက်အတွင်းသို့ ဝင်ရောက်လာခြင်းကြောင့် လက်ရှိအချိန်မှာ အနည်းငယ် လူသုံးနည်းလာခဲ့ပါတယ်။ ဒါပေမဲ့ ကမ္ဘာ့လူသုံးများတဲ့ Messenger application ထဲမှာ ပါဝင်နေပါသေးတယ်။ အရင်က free call နဲ့ video call အတွက်သာ ဝန်ဆောင်ပေးနေတဲ့ Viber ဟာ အခုနောက်ပိုင်းမှာတော့ ဖိုင်ပေးပို့ခြင်းတွေကိုပါ လွယ်ကူလျင်မြန်စွာ အသုံးပြုနိုင်အောင် စီစဉ်ပေးလာခဲ့ပါတယ်။
Group Chat များဖြင့် စကားပြော ဆက်သွယ်နိုင်ခြင်း ၊ emojis များပေးပို့နိုင်ခြင်း ၊ Stickers များပေးပို့နိုင်ခြင်း ၊Free Call များ အခမဲ့ ခေါ်ဆိုနိုင်ခြင်း စတဲ့ feature တွေပါဝင်တဲ့အပြင် Android မှာတင်မကပဲ PC အသုံးပြုသူများအတွက်ပါ ခွင့်ပြုပေးထားတဲ့အတွက်ကြောင့် ကမ္ဘာ့လူအများဆုံးစာရင်းဝင်တာဖြစ်ပါတယ်။ Viber ကို အသုံးပြုနေသူများအနေဖြင့် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် သန်း ၆၆၀ ကျော်ရှိနေပါပြီ။
we chat
၉။ WeChat
WeChat ဟာလည်း မြန်မာနိုင်ငံအတွင်းသို့ Line ဝင်လာပြီးတဲ့နောက်ပိုင်း မြန်မာဈေးကွက်ထဲကို ထိုးဖောက်ဖို့ ဝင်ရောက်လာတဲ့ Application တစ်မျိုးဖြစ်ပါတယ်။ WeChat မှာလည်း အမျိုးအစား စုံလင်လှတဲ့ အချက်တွေကြောင့် လူကြိုက်များတဲ့အပြင် သူ့ရဲ့ အကောင်းဆုံး Feature လို့ပြောလို့ရတဲ့ မိမိအနီးနားမှာရှိတဲ့ WeChat အသုံးပြုသူများကို အလွယ်အတကူ ရှာဖွေနိုင်လို့ပါပဲ။ WeChat ရဲ့ အာမခံချက်ကတော့ User တွေရဲ့ Data တွေကို လုံခြုံတယ်ဆိုတဲ့ အာမခံချက်ပဲဖြစ်ပါတယ်။ ဓါတ်ပုံတွေပေးပို့မျှဝေနိုင်ခြင်း ၊ Voice Call နှင့် Video Call များအခမဲ့ ခေါ်ဆိုနိုင်ခြင်း ၊ စတစ်ကာများနှင့် emojis များ ပေးပို့နိုင်ခြင်း စတဲ့အချက်တွေအပြင် အခြား WeChat အသုံးပြုသူများနှင့် ဂိမ်းများလည်း ကစားနိုင်ခြင်းကြောင့် အခုဆိုရင် အသုံးပြုသူပေါင်း သန်း ၁၀၀ ကျော်သွားခဲ့ပြီဖြစ်ပါတယ်။
WhatsApp-screenshot-2016-840x473
၁၀။ WhatsApp
အရင်လူသိပ်မသိပဲ ရပ်တည်နေတဲ့ WhatsApp ဟာ အခုဆိုရင် Facebook က ဝယ်ယူလိုက်ပြီးတဲ့ နောက်ပိုင်းမှာ လူသုံးလည်း များခဲ့သလို feature တွေလည်း စုံလင်စွာ ထည့်သွင်းလာခဲ့ပါတယ်။ WhatsApp ရဲ့ Feature တွေဟာလည်း အခြား Application များနည်းတူ ထည့်သွင်းတယ်ဆိုပေမဲ့ Feature အကုန်လုံးကို တစ်ပြိုင်နက်တည်း ထည့်သွင်းခြင်းမျိုးမဟုတ်ပဲ Feature တစ်ခုခြင်းစီကို ဖြည်းဖြည်းချင်း ထည့်သွင်းကာ အသုံးပြုသူတို့ရဲ့ စိတ်ဝင်စားမှုကို အမိအရ ရယူနေတဲ့ Application လည်းဖြစ်ပါတယ်။

Ref : Android Authority
 Credit MMAS

SHARE

About Thiha Htike

    Blogger Comment
    Facebook Comment

0 comments:

Post a Comment